Connect with us

Local

ပြည်ပကုန်သွယ်မှု ယခင်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော် တိုးတက်

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်း ရှင်များ (၁၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ပြည်ပကုန်သွယ်မှုမှာ ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော် တိုးတက် ခဲ့ပြီး အဆိုပါ ကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ပိုမို ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ပြည်ပ ပို့ကုန် တိုးတက်မှုများ သည် ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၏ ကြိုးပမ်း ဆောင်ရွက်မှု များကြောင့် ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်း ရှင်များ (၁၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်း ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုစေနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်ခွဲများအား ပို့ကုန် ချေးငွေဖြည့်ဆည်းမှု (Export Financing)နှင့် ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်း များ(Related Banking Services for Export Financing)ကို ဆောင်ရွက် ပေးနိုင်ရေးအတွက် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ မကြာသေးမီက ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် တွင် နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိပါဝင်သည့် ကုမ္ပဏီကို မြန်မာနိုင်ငံသားကုမ္ပဏီအနေဖြင့် သတ်မှတ်သည့် အတွက် မြန်မာနိုင်ငံ သားပိုင် ကုမ္ပဏီများသည် ပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရလာတော့မည် ဖြစ်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနှင့် အဆိုပါ အခွင့်အရေးကို ထိထိ ရောက်ရောက် အသုံးချကြရန် ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ပြင် ပို့ကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ရည်မှန်းချက်အတိုင်း အောင်မြင် မှုများရရှိအောင် အကောင် အထည် ဖော် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ ၊ ချင်းရွှေဟော်နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေး ၊ အနည်းဆုံး တစ်ရက်လုပ်ခလစာ အခကြေးငွေ သတ်မှတ်နိုင်ရေး ၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည် ဖော် ဆောင်ရွက်နေမှုအခြေအနေများ အား သက်ဆိုင်ရာ တာဝန်ရှိသူများက ထိုတွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117