Connect with us

Local

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး ၊ လင်းခေး နှင့် လွိုင်လင် ခရိုင်များရှိ ကျေးရွာများ မီးရရှိရေး ဆောင်ရွက် မည်

ချေးငွေ နှင့် ကူညီထောက်ပံ့ငွေ စာချုပ်များ လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ၊ လင်းခေးခရိုင် ၊ လွိုင်လင်ခရိုင် များရှိ ကျေးရွာများတွင် နိုင်ငံတော် ဓာတ်အား စနစ်ဖြင့် ဓာတ်အား ရရှိစေရေး အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဂျာမနီ နိုင်ငံ KfW Development Bankတို့အကြား ချေးငွေ နှင့် ကူညီထောက်ပံ့ငွေ စာချုပ်များ လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အား ရရှိစေရေး အတွက် ချေးငွေ ယူရို ၂၃ ဒသမ ၈၈၃ သန်းနှင့် ကူညီ ထောက်ပံ့ငွေ ယူရို ၆ ဒသမ ၅၃၅ သန်း စုစုပေါင်း ယူရို ၃ဝ ဒသမ ၄၁၈ သန်း ရယူခြင်း အတွက် ချေးငွေ သဘောတူညီချက် စာချုပ် Loan and Financing Agreement နှင့် Separate Agreement စာချုပ်များအား လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ချေးငွေနှင့် ကူညီထောက်ပံ့ ငွေစာချုပ်အရ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အထိ လေးနှစ် အတွင်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တောင်ကြီးခရိုင်၊ လင်းခေးခရိုင် နှင့် လွိုင်လင်ခရိုင်များအတွင်းရှိ ကျေးရွာ ၄၁၆ ရွာ၏ အိမ်ထောင်စု ပေါင်း ၃၂၆၇၄ စုအား နိုင်ငံတော်ဓာတ်အား စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားနိုင် မည်ဖြစ်သည့်အပြင် ခရိုင် သုံးခု အတွင်းရှိ ဓာတ်အားရရှိပြီး မြို့နှင့် ကျေးရွာများတွင်လည်း ဗို့အားပြည့်ဝစွာ ဖြန့်ဖြူး ပေးသွား နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုစာချုပ်များအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေး မှူး ဦးတင်မောင်ဦး၊ ဂျာမနီနိုင်ငံ KfW Development Bank မှ Principal Country Manager Mr. Klaus Pfeiffer ESifh Director of KfW office Myanmar Ms. Eva Schneider တို့က သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။(Xinhua)