Connect with us

Local

ပြည်ပ ကုန်သွယ်မှု ဧပြီလတွင် ကန်ဒေါ်လာ သန်း ၂,၂၈၀ ရှိကာ ယခင်နှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၃၀၀ ပိုမို ဆောင်ရွက်နိုင်ခဲ့ဟုဆို

ပြည်ပသို့ တင်ပို့ မည့် ပို့ ကုန် ကုန်သေတ္တာများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် ယခုနှစ် ဧပြီလတွင် အမေရိကန် ဒေါ်လာ သန်း ၂,၂၈၀ ရှိကာ ယခင်နှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၃၀၀ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် သော သတင်း အရ သိရသည်။

ယခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၏ ပြည်ပ ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၆၆ သန်း နှင့် ပြည်ပ သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၄၁၄ သန်း ရှိသဖြင့် ပြည်ပ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၂,၂၈၀ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် ကာလတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်(ဧပြီလ)တွင် ပြည်ပ ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၆၃ သန်း ၊ ပြည်ပ သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၁၁၇ သန်း ဖြစ်၍ ပြည်ပ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၁,၉၈၀ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ထိုကြောင့် ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် ဒေါ်လာ သုံးသန်း ၊ သွင်းကုန်တွင် ဒေါ်လာ ၂၉၇ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသော အချက်အလက်များ အရ သိရသည်။(Xinhua)