Connect with us

Local

ပြည်သူများ သတိပြု ရှောင်ရှားရမည့် ကုမ္ပဏီ လုပ်ငန်းများ အစိုးရ အသိပေး

စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ မှ ထုတ်ပြန်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ပြည်သူများ အနေဖြင့် သတိပြု ရှောင်ရှားရမည့် ကုမ္ပဏီ လုပ်ငန်းများအား စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ အသိပေးခဲ့ပြီး ဆက်သွယ် ဆောင်ရွက်ခြင်း မပြုရန် ထုတ်ပြန်ခဲ့သည်။

ယင်းတို့မှာ လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိသော ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီများ ၊ အစုရှယ်ယာ ရောင်းချခွင့် မရှိသော ကုမ္ပဏီများကို ဆက်သွယ် ဆောင်ရွက်ခြင်း မပြုရန် ထုတ်ပြန်ခဲ့သည်။

ထို့အတူ အတိုးနှုန်း မြင့်မားစွာ ပေးမှုများ ၊ အစုရှယ်ယာ အပေါ် အမြတ်ဝေစု များပြားစွာ ခွဲဝေပေးမှုများ ၊ ဆင့်ပွား ဈေးကွက် ပုံစံဖြင့် မက်လုံးပေးမှု(Multi-Level Marketing)များ စသည်တို့ကို အထူး သတိပြု ရှောင်ရှားကြရန်လည်း အသိပေးခဲ့သည်။

ခွင့်ပြုထားခြင်း မရှိသည့် လုပ်ငန်းများတွင် မှားယွင်း ရင်းနှီး မြှုပ်နှံမိရာမှ ငွေကြေး နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ကို ကြားသိရကြောင်း ၊ ၂၀၀၂-၂၀၀၃ ခုနှစ်များတွင်လည်း ထိုကဲ့သို့လုပ်ဆောင်မှုများ တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း အမျိုးအစား အလိုက် ဘဏ်လုပ်ငန်းအား နိုင်ငံပိုင် နှင့် ပုဂ္ဂလိကဘဏ် စုစုပေါင်း ဘဏ် ၂၈ ခု ၊ ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီများအား စုစုပေါင်း ၁၅ ခု ၊ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းမှာ စုစုပေါင်း ၁၆၈ ခု ၊ ငွေချေး သက်သေခံ လက်မှတ် လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီများမှာ စုစုပေါင်း ၆ ခု နှင့် ငွေချေး သက်သေခံ လက်မှတ် လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီများမှာ စုစုပေါင်း ၆ ခုတို့အား တည်ဆဲ ဥပဒေများနှင့် အညီ လုပ်ကိုင် ဆောင်ရွက်ခွင့် ပြုထားကြောင်း သိရသည်။

အစုရှယ်ယာ ရောင်းချခြင်း ၊ ဝယ်ယူခြင်းများ နှင့် ပတ်သတ်၍ အများပြည်သူသို့အစုရှယ်ယာ ရောင်းချ လိုသူများသည် အများပိုင် ကုမ္ပဏီ အဖြစ် မှတ်ပုံတင်ခွင့် ရရှိပြီးမှသာ အစုရှယ်ယာ ရောင်းချခွင့် ရှိသည်။

ရန်ကုန် စတော့ အိတ်ချိန်းတွင် မှတ်ပုံတင် စာရင်းဝင်ထားသော အများပိုင် ကုမ္ပဏီများသည် ၎င်းတို့၏ အစုရှယ်ယာများကို ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများမှ တဆင့် ရန်ကုန် စတော့ အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်နိုင်သည်။

တစ်ဦးချင်း ဖြစ်စေ ၊ အဖွဲ့အစည်း အလိုက် ဖြစ်စေ ရင်းနှီးမြှုပ်နှံလိုသူများသည် ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများမှ တဆင့် ရန်ကုန် စတော့ အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရောင်းဝယ် နိုင်သည်။

ချေးငွေ ထုတ်ချေးခြင်း ၊ အပ်ငွေ လက်ခံခြင်း ၊ ငွေလွှဲလုပ်ငန်း လုပ်ဆောင်ခြင်း စသည်တို့နှင့် ပတ်သတ်၍ နိုင်ငံပိုင်ဘဏ်များ ၊ ပုဂ္ဂလိက ဘဏ်များ ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ခွင့်ပြုချက် ရရှိထားသော အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု အဖွဲ့အစည်းများ ၊ ဗဟိုဘဏ် ခွင့်ပြုချက် ရရှိထားသော ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီများ ၊ Mobile Payment ကုမ္ပဏီများကသာ ဆောင်ရွက်ခွင့် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.