Connect with us

Local

မြန်မာနိုင်ငံကို အာရှဖွ့ံ့ဖြိုးရေးဘဏ် (ADB) မှ ၂၀၁၇ ခုနှစ်မှ စ၍ အမေရိကန်ဒေါ်လာ သန်း ၃၅၀ တိုးမြှင့် ထောက်ပံ့မည်

ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ယနေ့သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကို အာရှဖွ့ံ့ဖြိုးရေးဘဏ် (ADB) မှ ၂၀၁၇ ခုနှစ်မှ စ၍ အမေရိကန် ဒေါ်လာ သန်း ၃၅၀ တိုးမြှင့် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးမှုများကို ပံ့ပိုးပေးရန်အတွက် အာရှဖွ့ံ့ဖြိုးရေးဘဏ် (ADB) မှ နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်ခြင်း ဗျူဟာသစ် (၂၀၁၇-၂၀၂၁) ဖြင့် အစိုးရနှင့် လက်တွဲ လုပ်ကိုင်ပြီး ထောက်ပံ့ငွေကို အဆိုပါ ဗျူဟာသစ်တွင် တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ယနေ့သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)
အဆိုပါ တိုးမြှင့်ပေးမည့် ထောက်ပံ့ငွေများကို လျှပ်စစ်ကဏ္ဍ၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ADB ဘဏ် ဥက္ကဋ္ဌ Takehiko Nakao က ပြောသည်။
အာရှဖွ့ံ့ဖြိုးရေးဘဏ် (ADB) သည် စီမံကိန်းများ အတွက် သက်သာသော နှုန်းထားအစီအစဉ်ဖြင့် အစိုးရသို့ ချေးငွေများကိုလည်း အခြေခံ အဆောက်အအုံနှင့် အလုပ်အကိုင် ဖန်တီးခြင်းကို အထူးအလေးထားပြီး ၂၀၁၇ ခုနှစ်မှ စ၍ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်မှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ သို့ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့် အာရှဖွ့ံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌ Takehiko Nakao တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး အလားအလာများ၊ မက်ခရို စီးပွားရေးနှင့် စီးပွားရေး တည်ဆောက်ပုံဆိုင်ရာ ဦးစားပေး လုပ်ဆောင်ဖွယ်များ၊ အစိုးရသစ်သို့ ADB ၏ ပံ့ပိုးမှုများအကြောင်း ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၌ လက်ရှိ ဆောင်ရွက်နေသည့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ နောင်အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.