Connect with us

Local

မြန်မာနိုင်ငံ၏ ဟိုတယ် ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုမှာ ငါးနှစ်အတွင်း ဒေါ်လာ သန်းပေါင်း ၁,၅၀၀ ကျော် တိုးတက်လာ

ရန်ကုန်မြို့လယ်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဟိုတယ် ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုမှာ ငါးနှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၁,၅၀၀ ကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ ထုတ်ပြန်သည့် စာရင်း ဇယားများအရ သိရသည်။

၂၀၁၁ ခုနှစ်တွင် ဟိုတယ်ကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ၃၆ ခုမှ အမေရိကန် ဒေါ်လာ ၁,၁၄၄.၄၁၉ သန်းရှိခဲ့ပြီး ယခုနှစ်တွင် လုပ်ငန်း ၄၇ ခုမှ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုမှာ အမေရိကန် ဒေါ်လာ ၂,၆၄၁. ၃ သန်း အထိ မြင့်တက် လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဟိုတယ် ကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုများတွင် စင်ကာပူနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁,၄၇၇ . ၁၆၄ သန်းဖြင့် အများဆုံး နေရာတွင် ရပ်တည်နေပြီး ဒုတိယ နေရာတွင် ဗီယက်နမ် နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၄၀ သန်းဖြင့် ရပ်တည်နေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117