Connect with us

Local

တရားမဝင်ကုန်စည်နှင့် ကုန်သွယ်မှုကို ထိရောက်စွာ အရေးယူသွားမည်

နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နှင့် လုပ်ငန်းရှင်များ တတိယအကြိမ် လစဉ်တွေ့ဆုံပွဲ မြင်ကွင်းအားတွေ့ရစဉ် ( ဓာတ်ပုံ-- UMFCCI)

ရန်ကုန်ု ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အသက်အန္တရာယ်ပေးနိုင်သည်အထိကျန်းမာရေးထိခိုက်စေသည့် စားသောက်ကုန်နှင့်ဆေးဝါးများမြန်မာ့ဈေးကွက် အတွင်း ပြန့်နှံ့နေခြင်းကို ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက်မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် တစ်နိုင်ငံလုံးတွင်ကုန်ပစ္စည်း လေ့လာဆန်းစစ်ချက်များနှင့် ဈေးကွက်အတွင်း ထောက်လှမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တရားမဝင် အတုအပ ကုန်စည်များကို ပြင်းထန်စွာ အရေးယူူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ တတိယအကြိမ် လစဉ်တွေ့ဆုံပွဲတွင် အဓိကထား ဆွေးနွေးခဲ့သည်။

ဈေးကွက်အတွင်း စစ်မှန်သည့်ကုန် ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးးရောင်းချ နေသူများအနေဖြင့် တရားမဝင်အတုအပ လုပ်ငန်းများ၏ လိမ်ညာတိုင်တန်းမှုများအား ရင်ဆိုင်နေရသဖြင့် လုံခြုံရေးနှင့် ရပ်တည်နိုင်ရေးအတွက် ကူညီ ကာကွယ်ပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အမှတ်တံဆိပ် ဥပဒေနှင့် စားသောက်ကုန်လုံခြုံမှု ဥပဒေများအား အမြန်ဆုံးပြဌာန်းပြီး ထိရောက်စွာ ဖော်ဆောင်ကြပ်မတ်ပေးရန် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က တင်ပြခဲ့ကြောင်း သိရသည်။စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကလည်း တရားမဝင်ကုန်ပစ္စည်းများ၏ အဓိက ရင်းမြစ်ဖြစ်သည့် နယ်စပ်တရားမဝင်ကုန်သွယ်ရေးကို ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း ပြောသည်။

မြန်မာ့ဈေးကွက်အတွင်းရှိ ဓါတုပစ္စည်းများသုံးကာ အနံ့ထည့်ထားသည့် စားသုံးဆီအတုအပများအား ထိရောက်စွာ အရေးယူရန်နှင့် ရောနှောဆီများရှိ ပါဝင်ပစ္စည်းဖော်ပြချက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြသွားနိုင်ရန် စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးခဲ့ပြီး၊ ကုန်စ္စည်းရည်ညွှန်းစာစောင် (Consumer Report) အား လစဉ်ထုတ်ဝေသွားရန်နှင့် စားသောက်ကုန် စစ်ဆေးမှု ကျွမ်းကျင် သင်တန်းများ လူထုအသိပညာပေး သင်တန်းများကို ပုဂ္ဂလိက ကဏ္ဍအသင်းအဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရေး ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စု ဝန်ကြီးမှ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက အချိန်တို အတွင်းဖြေရှင်းဆောင်ရွက် နိုင်မည်များကို ပြန်လည် ဆွေးနွေးခဲ့ပြီး၊ ကျန်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြေရှင်းနိုင်ရေး ညှိုနှိုင်းဆွေးနွေးပွဲများ အမြန်ဆုံးခေါ်ယူရန် စီစဉ်ခဲ့ကြကြောင်း သိရသည်။ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ လစဉ်ပုံမှန်တွေ့ဆုံပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ပင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ပထမအကြိမ်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)