Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၂၄ ခု လျှောက်ထား

ပြည်တွင်းအထည်ချုပ်လုပ်ငန်းတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၂၄ ခု လျှောက်ထားခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကော်မရှင်သို့ ဇွန် ၁၉ ရက်အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အဖြစ် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁၅၄ သန်းတန်ဖိုးရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ခု လျှောက်ထားကြောင်း ၊ လုပ်ငန်း ၂၄ခုတွင် ၂၃ ခုမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဖြင့် လုပ်ဆောင်ရန်ဖြစ်ပြီး ကျန်တစ်ခုမှာ ဥပဒေဟောင်းဖြင့် လုပ်ဆောင်ပေးရမည့် လုပ်ငန်းဖြစ်ပြီး အဆိုပါတင်ပြထားသည့် လုပ်ငန်း ၂၄ ခုတွင် စက်မှုလုပ်ငန်းများ ပိုမိုများပြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခွင့်ပြုပေးရာ ဇွန်လလယ်အထိ လုပ်ငန်းပေါင်း ၆၆ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၈၅၁ ဒသမ ၉၃၂ သန်းရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.