Connect with us

Local

မြန်မာနိုင်ငံ၏ ဈေးကွက်ဆိုင်ရာ အမှတ်တံဆိပ် အဆင့် အလိုက် လေ့လာ ဆန်းစစ် ထားသည့် စာတမ်း ထုတ်ပြန်

ဈေးကွက်ဆိုင်ရာ အမှတ်တံဆိပ် လေ့လာဆန်းစစ်မှု စာတမ်း ထုတ်ပြန်သည့် အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-WPP and Millward Brown)

ရန်ကုန် ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအတွက် ဈေးကွက်ဆိုင်ရာ လေ့လာမှုတွင် နိုင်ငံတကာနှင့် ဒေသတွင်းရှိ အမှတ်တံဆိပ် ၄၂ ခု အနက် Huawei သည် အင်အား အကြီးဆုံး အမှတ်တံဆိပ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး ပြည်တွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း MPT သည် လူကြိုက်အများဆုံး အမှတ် တံဆိပ်ဖြစ်ကြောင်း WPP နှင့် Millward Brown တို့မှ အဆင့်အလိုက် သတ်မှတ်ချက် အဖြစ် ယနေ့ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် Spotlight on Myanmar အမည်ရှိ စာတမ်းအရ သိရသည်။

ထိုစာတမ်းအရ မြန်မာနိုင်ငံတွင် တမူထူးခြားဆုံး အမှတ်တံဆိပ် အဖြစ် Apple သည် ဦးဆောင်လျက် ရှိပြီး တီထွင် ဆန်းသစ်မှု အရှိဆုံး အမှတ်တံဆိပ် အဖြစ် Telenor မှ ရပ်တည်နေကြောင်း ၊ လူကြိုက်အများဆုံး နှစ်သက်ဖွယ် ကောင်းသည့် အမှတ်တံဆိပ်သည် MPT ဖြစ်ပြီး အခိုင်မာဆုံးသော အမှတ်တံဆိပ် တစ်ခုအဖြစ် Samsung ဖြစ်ကြောင်း ၊ Huawei သည် အမှတ်တံဆိပ်များအနက် အင်အားအကြီးဆုံး အမှတ်တံဆိပ် တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု သိရသည်။
WPP နှင့် Millward Brown တို့မှ အဆင့်အလိုက် သတ်မှတ်ချက်ဖြစ်သည့် သုတေသနလေ့လာချက်တွင် စားသုံးသူဦးရေ ၁,၆၆၀ ဦး ကို အင်တာဗျူးပြုလုပ်ထားခြင်း ဖြစ်ပြီး ‘Spotlight on Myanmar’ ၏ ရှာဖွေ တွေ့ရှိမှု များသည် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကော်ဖီ နှင့် အချိုရည် ကဲ့သို့သော ကုန်ပစ္စည်းများ နှင့် မိုဘိုင်းလ်လက်ကိုင်ဖုန်း ဝန်ဆောင်မှုဆိုင်ရာ အခန်းကဏ္ဍများ အပေါ် အခြေခံ၍ သုတေသန ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
WPP သည် ဈေးကွက် မြှင့်တင်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းအဖွဲ့အစည်း ဖြစ်ပြီး Millward Brown သည် ကြော်ငြာကဏ္ဍထိရောက်မှု၊ မဟာဗျူဟာမြောက် အသိပညာပေးမှု၊ မီဒီယာနှင့် အမှတ်တံဆိပ်တန်ဖိုး သုတေသနလုပ်ငန်းများကို အထူးပြု ဝန်ဆောင်မှု ပေးနေသော သုတေသန အေဂျင်စီ တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.