Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်း ၅ ခုအား ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ - DICA)

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ နှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်း စုစုပေါင်း ၅ ခု ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၉၃ ဒသမ ၂၀၀ သန်း နှင့် ကျပ် ၇,၈၃၆ ဒသမ ၀၆၆ သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ် အကိုင် အခွင့်အလမ်းပေါင်း ၅၃၅ နေရာကို ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ဇူလိုင် ၁၀ ရက်တွင် ရန်ကုန် မြို့ရှိ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် ၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁,၇၂၅ ခု ရင်းနှီးမြှုပ်နှံ လျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၈၀,၂၃၄ ဒသမ ၄၁၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၂၆ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍ တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၁၃ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.