Connect with us

Local

မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်ကြရန် ဒုသမ္မတ တိုက်တွန်း

Coffee Forumတွင် ဒုတိယသမ္မတ မိန့်ခွန်းပြောကြားစဉ်(MOI)

ရန်ကုန်၊ မေ ၁၆ ရက်(ဆင်ဟွာ)

မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခု Coffee Forum မှထွက်ပေါ်လာသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြန်မာကော်ဖီအသင်းနှင့် အစုအဖွဲ့များမှ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုးသူ တောင်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းပြောကြားသည်။

ယခုကျင်းပသည့် ဒုတိယအကြိမ် Coffee Forum ကိုမြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန် အဓိကရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက် အောင်မြင်နိုင်ရေးအတွက် ဦးစီးဦးဆောင် ပြုနိုင်သည့် Coffee Board အဖွဲ့ဖွဲ့စည်းရေး၊ ကော်ဖီအရည်အသွေး၊ ဈေးကွက်နှင့် ထိုက်သင့်သည့် ဈေးနှုန်း ရရှိလာစေရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်နေသူများအတွက် ချေးငွေနှင့် အရင်းအနှီးများ ရရှိနိုင်ရေးတို့ကို အဓိကထားပြီး ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးရာတွင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အနာဂတ်ကော်ဖီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ လက်ရှိကော်ဖီဈေးကွက် အခြေအနေများ၊ ကော်ဖီစိုက်တောင်သူများအတွက် ပံ့ပိုးပေးရန်လိုအပ်ချက် များအား ထည့်သွင်းဆွေးနွေးကြပြီး စီးပွားရေး ပညာရှင်များ အနေဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန် (Coffee Value Added) အတွက်စီးပွားရေး ရှုထောင့်အမြင်များနှင့် အကြံပြုဆွေးနွေးကြစေလိုကြောင်း ၎င်းကပြောသည်။

ယခု Coffee Forum နှင့်ပြီးခဲ့သည့် Coffee Forum အကြား (၂) နှစ်တာကာလအတွင်း ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ အောင်မြင်မှုများရှိကြောင်းကို ထုတ်လုပ်မှု တိုးတက်လာခြင်း၊ ဈေးကွက်တစ်ခု ဖြစ်ထွန်းလာခြင်းနှင့် တောင်သူများ နည်းပညာကောင်းများ အသုံးချလာနိုင်ခြင်းတို့သည် မြင်သာသည့်အချက်များ ဖြစ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ကော်ဖီကဏ္ဍသည် ကော်ဖီစိုက်ပျိုးသည့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက Processing နည်းပညာ အားနည်းခြင်း၊ သတင်းအချက်အလက် ဖလှယ်မှု လိုအပ်ချက်များ ရှိနေခြင်းနှင့် ကော်ဖီသီးနှံဈေးကွက် ဝေစုရရှိမှုများ အားနည်းနေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေသေးသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့၏ ကော်ဖီကဏ္ဍ တစ်ခုလုံး ရေရှည်ဖွံ့ဖြိုး တိုးတက်လာစေလိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒများဆိုင်ရာ ရပ်တည်ချက်များနှင့် ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် အတူတကွလက်တွဲ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.