Connect with us

Local

ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ Department for International Development(DFID)နှင့် DaNa Facilityတို့ ပူးပေါင်း၍ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ (အောက်မြန်မာပြည်) ကို ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး ဆိုင်ရာ မဟာဗျူဟာများနှင့် မူဝါဒများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ များမှ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ဝန်ကြီးချုပ် များနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ Department for International Development (DFID)၊ DaNa Facility၊ the Asia Foundation နှင့် United Nations Capital Development Fund မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၇၇ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဉီးဟံထွန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် DaNa Facility မှ Private Sector Development Lead for UK aid in Myanmar ဖြစ်သူ Ms. Jenni Hall တို့မှ အဖွင့်အမှာစကား များပြောကြားခဲ့ကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ဝန်ကြီးချုပ်များနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ Department for International Development (DFID)၊ DaNa Facility၊ the Asia Foundation နှင့် United Nations Capital Development Fund တို့မှ ကိုယ်စားလှယ်များက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေ ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.