Connect with us

Local

မြန်မာ့ပုလဲ အတွဲပေါင်း ၃၇၆ တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချ

နေပြည်တော်၌ ကျင်းပသော မြန်မာ့ပုလဲ ရောင်းချပွဲတွင် လာရောက်ကြည့်ရှုနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ပုလဲ ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ မြန်မာ့ပုလဲ အတွဲပေါင်း(၃၇၆)တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချနေကြောင်း မြန်မာ့ပုလဲ ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

အဆိုပါ သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ပုလဲ ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ (၃၄) ကြိမ်မြောက် မြန်မာပုလဲ ရောင်းချပွဲကို မြန်မာကျပ်ငွေဖြင့် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပလျက်ရှိသည်။

ယင်းရောင်းချပွဲတွင် ပုလဲအတွဲအမှတ်(၁)မှ (၁၂၇) အထိကို ဒီဇင်ဘာ (၂၃)ရက် နေ့လည် (၁၂)နာရီတွင်လည်းကောင်း၊ အတွဲအမှတ်(၁၂၈)မှ (၂၅၃)ကို ညနေ (၄)နာရီ တွင်လည်းကောင်း၊ အတွဲ(၂၄၅)မှ (၃၇၆)အထိကို ဒီဇင်ဘာ (၂၄) ရက်တွင် ရောင်းချမည်ဖြစ်သည်။

ပုလဲရောင်းချပွဲများအနေဖြင့် နှစ်လယ်ပြပွဲ၊ အထူးပြပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအပါအဝင် ပြပွဲပေါင်း (၁၁၉)ကြိမ်ရှိပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117