Connect with us

Local

သီလဝါအထူးစီးပွားရေးဇုန် အိမ်ရာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည်

သီလဝါ အထူးစီးပွားရေးဇုန် မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်းမြို့နယ်ရှိ သီလဝါ အထူးစီးပွားရေးဇုန် အိမ်ရာ စီမံကိန်း အား လူနေမြေကွက် (၅၈၈)ကွက်၊ မြေဧရိယာ (၁၃၁.၅၉၄) ဧကပေါ်တွင် အကောင် အထည် ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် အိမ်ရာ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တင်ဒါ ယှဉ်ပြိုင်သည့်စနစ် Turn-Key Process ဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် အကျိုးတူဆောက်လုပ်မည် ဖြစ်ပြီး ပြည်တွင်း နိုင်ငံသား လုပ်ငန်းရှင်များသည် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများကို ဇန်နဝါရီလ ၂၁ ရက် နောက်ဆုံးထား၍ ပေးပို့သွားရန် အဆိုပြု တင်ဒါများအား ခေါ်ယူထားကြောင်း သိရသည်။

ထို့ပြင် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်သူ့ အငှားအိမ်ရာ ၅၁၅၆ ခန်း၊ ဝန်ထမ်းအိမ်ရာ ၁၈၃၀ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၁၁၁၆၀ ခန်း၊ တန်ဖိုးသင့်အိမ်ရာ ၆၈၂၉ ခန်းနှင့် တန်ဖိုးမြင့်အကျိုးတူအိမ်ရာ ၄၃၈၂ ခန်းကို ဖြည့်ဆည်း ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဝန်ထမ်းအိမ်ရာ ၂၅၉၆ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၂၀၂၉၈ ခန်း၊ တန်ဖိုးသင့်အိမ်ရာ ၇၁၃၆ ခန်းနှင့် အကျိုးတူအိမ်ရာ ၆၀၂၉ ခန်းတို့ကို တည်ဆောက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိမ်ရာကဏ္ဍ၌ နှစ် (၂၀) နှစ်ရှည် ဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀ – ၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ အိမ်ရာယူနစ် တစ်သန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၏ မြို့တော်များနှင့် ဖွံ့ဖြိုးမှု အလားအလာရှိသည့် မြို့ကြီး (၈၁)မြို့၌ တည်ဆောက်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117