Connect with us

Local

အမေရိကန်ဒေါ်လာဈေးကျသည့်အချိန် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၃ဒသမ၈ သန်းဝယ်ယူ 

ငွေလဲကောင်တာတစ်ခုတွင် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) 

အမေရိကန်ဒေါ်လာ ဈေး တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်မှ ၁၃၅၁ ကျပ်အထိ ၂ ရက်အတွင်း ၁၉ ကျပ်ခန့် ဈေးကျဆင်းသည့်အချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၈ ရက်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအား နိုင်ငံခြားငွေ ဈေးပြိုင်လေလံစနစ်ဖြင့် သြဂုတ် ၂၈ ရက်တွင်ဝယ်ယူခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဒေါ်လာဈေးကျရင် အခုလိုပဲ ဗဟိုဘဏ် က ဝင်ပြီးဝယ်ယူလေ့ရှိတယ်။ ဈေးကွက်တည်ငြိမ်အောင်ဗဟိုဘဏ်က ဆောင်ရွက်ပေးတဲ့ သဘောလို့ထင်ပါတယ်’’ ဟု ဆင်ဟွာသို့ ပြောသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ ၃ဒသမ၈ သန်း ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၄၀ ဒသမ ၉ ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးလေ့လာသူ ဦးစန်းဝင်း က “အမေရိကန်ဒေါ်လာက ၁၃၇၀လောက်နဲ့ ငြိမ်နေတာပေါ့။ တကျော့ပြန်COVID-19 ကိစ္စ ဖြစ်တော့ အမေရိကန်ဒေါ်လာ က ကျသွားတယ်။ အရောင်းအဝယ်တွေလည်း အေးသွားတော့ အမေရိကန်ဒေါ်လာ က ဆက်ကျနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ထင်ပါတယ်’’ ဟု ဆင်ဟွာသို့ သြဂုတ် ၂၈ ရက်တွင်ပြောသည်။သြဂုတ် ၂၈ ရက်ညနေ ဘက် တွင် ငွေလဲကောင်တာ တစ်ခု၌  အမေရိကန်ဒေါ်လာဈေးနှုန်းမှာ အရောင်း တစ်ဒေါ်လာ ၁၃၅၁ ကျပ်၊ အဝယ် ၁၃၄၃ ကျပ်ဖြင့်ပေါက်ဈေးရှိကြောင်း သိရသည်။  (Xinhua)