Connect with us

Local

မြန်မာ့အကြီးဆုံးကျောက်စိမ်းတုံးကို ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချမည်

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တူးဖော်တွေ့ရှိသော အကြီးဆုံးကျောက်စိမ်းတုံး(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တူးဖော်တွေ့ရှိသော တန်ချိန် ၂၁ဝ ရှိ မြန်မာ့အကြီးဆုံးကျောက်စိမ်းတုံးကြီးတစ်တုံးကို ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချမည်ဖြစ်ကြောင်း အဆိုပါပြပွဲကျင်းပရေးထံမှ သိရသည်။

အဆိုပါ လုံးစွပ်ကျောက်စိမ်းအရိုင်းတုံးကြီးကို ခွဲစိတ်ပြုပြင် ၍ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချသွားမည်ဖြစ်သည်။

ကျောက်စိမ်းတုံးကြီးအား တူးဖော်စဉ် လျှိုနာများ ပဲ့ထွက်၍ အလေးချိန် ကီလို- ၁၇၄၆၀၀ ခန့် (၁၇၄ ဒသမ ၆၀ တန်ခန့်)၊ ၉၃၂၅-ကီလို (၉ ဒသမ ၃၂ တန်ခန့်) ၊ ၁၀၂၇၅-ကီလို (၁၀ ဒသမ ၂၇ တန်ခန့်) ၊ ၅၂၈၀-ကီလို (၅ ဒသမ ၂၈တန်ခန့်) ၊ ၆၈၂၀-ကီလို (၆ ဒသမ ၈၂ တန်ခန့်) နှင့် ကီလို- ၃၇၀၀ (၃ ဒသမ ၇၀ တန်ခန့်) ရှိအစိတ်အပိုင်း ၆ပိုင်း ကွဲထွက်ခဲ့သည်။

ကျောက်စိမ်းရိုင်းတုံးများအား မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှ တန်ဖိုးဖြတ်အဖွဲ့က တန်ဖိုးငွေကျပ်သိန်း ၇၂၇၈၃၅၀၀၀ သတ်မှတ်ထားသည်။

ယင်းကျောက်စိမ်းတုံးနှင့် ပတ်သတ်ပြီး အခွန်အခများ ပေးသွင်းပြီးနောက် အကျိုးတူစာချုပ်အရ နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီမှ ၇၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချပြီးပါက နိုင်ငံတော်အနေဖြင့် အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်းနှင့် ပြပွဲဝန်ဆောင်ခ ၃ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.