Connect with us

Local

မြန်မာနိုင်ငံ၏ စီးပွားရေးရပ်ဝန်း အခြေအနေ မှန်မှန် တိုးတက်လျက်ရှိဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်


နေပြည်တော်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နှစ်အတွင်း စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းနှင့် ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာန (Credit Bureau) တည်ေထောင်ခွင့်ပြုသည့် ဥပဒေ ပြဌာန်းနိုင်ခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်း ကြီးကြပ် ကွပ်ကဲမှုကို တိုးတက်စေခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် မန်နေဂျာ အဗ္ဗဒူလာရေ ဆက် (Abdoulaye Seck) က ပြောသည်။

“မြန်မာနိုင်ငံဟာ အင်အား ကောင်းကောင်းနဲ့တိုးတက်နေတဲ့ နှုန်းကို ထိန်းသိမ်းဖို့အတွက် အကူအညီ ဖြစ်စေတဲ့ စီးပွားရေး ရပ်ဝန်းတစ်ခု ဖန်တီးရာမှာ မှန်မှန်လေး တိုးတက်နေပါတယ်” ဟု ၎င်းက ပြောသည်။

နေပြည်တော်၊ Hilton Hotel တွင် ယနေ့နံနက် ကျင်းပခဲ့သည့် World Bank Group ၏ Doing Business 2017 Launch အခမ်းအနားနှင့် အရှေ့တောင်အာရှ ငါးနိုင်ငံ (Lao PDR, Cambodia, Myanmar, Thailand and Vietnam) VC (Video Conferencing) on sharing of “Doing Business 2017” အပြီးတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

World Bank Group ၏ Doing Business 2017 Launch အခမ်းအနားနှင့် အရှေ့တောင်အာရှ ငါးနိုင်ငံ (Lao PDR, Cambodia, Myanmar, Thailand and Vietnam) VC (Video Conferencing) on sharing of “Doing Business 2017” အခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

“စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍကို ရှင်သန် တက်ကြွနေစေပြီး မြန်မာ ပြည်သူတွေ အတွက် အလုပ်အကိုင်တွေ ပိုမိုရလာကာ ဝင်ငွေလည်း ပိုကောင်းလာစေပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ဒေသတွင်းရှိ အခြားသော စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံများကဲ့သို့ အားလုံး ပါဝင်သည့် တိုးတက်မှု လမ်းကြောင်းကို လိုက်နိုင်မည့် အနေအထားရှိကြောင်း၊ ဒေသ အနှံ့အပြားမှ ပြည်သူများ၊ တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဝင်ငွေ အမျိုးမျိုး ရှိသည့် လူအုပ်စု အားလုံးတို့ကို အကျိုး ဖြစ်ထွန်းသော ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်မည့် အခွင့်အလမ်း အမှန်တကယ် ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ World Bank Group ၏ Doing Business 2017 Launch အခမ်းအနားနှင့် အရှေ့တောင်အာရှ ငါးနိုင်ငံ (Lao PDR, Cambodia, Myanmar, Thailand and Vietnam) VC (Video Conferencing) on sharing of “Doing Business 2017” အခမ်းအနားသို့ World Bank Group မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ UMFCCI မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် အခြား ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.