Connect with us

Local

ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းတူးဖော်မှုများ သုံးနှစ်ခန့်ယာယီရပ်ဆိုင်းပေးရန် အစိုးရထံတောင်းဆို

ကချင်ပြည်နယ်တွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်အတွင်း စက်ယန္တရားများဖြင့် ကျောက်စိမ်းတူးဖော် နေမှုများ သုံးနှစ်ခန့် ယာယီရပ်ဆိုင်းပေးရန် အစိုးရထံ စာတင်တောင်းဆိုခဲ့ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံမှ သိရသည်။

မန္တလေး၊ စစ်ကိုင်းနှင့် ဖားကန့်ဒေသ အခြေစိုက် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူများက ဇူလိုင် ၂၂ ရက်တွင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်ရှိ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကော်မတီတို့ထံသို့ စာ တင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောက်စိမ်းတူးဖော်မှုများ ရပ်နားထားစဉ်အချိန်အတွင်း ကျောက်စိမ်းများကို ပြပွဲများပြုလုပ်၍ ရောင်းချပေးမည်ဆိုပါက ကျောက်စိမ်းလုပ်ငန်းရှင်များအတွက် အ ဆင်ပြေနိုင်မည်ဟု အစိုးရထံ တင်ပြထားသည်။ (Xinhua)