Connect with us

Local

မြန်မာ နှင့် ထိုင်း နိုင်ငံ ပြည်ဝင် ဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့်ပြု

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပြည်တွင်း ပြည်ပ ခရီးသည်များ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများကို သြဂုတ်လ ၁၁ ရက်နေ့မှ စပြီး ပြည်ဝင်ဗီဇာ အပြန်အလှန် ကင်းလွတ် ခွင့်ပြုပေးနေပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

အဆိုပါ နှစ်နိုင်ငံ ဗီဇာ ကင်းလွတ် ခွင့်ကို ဇူလိုင်လ ၂၈ ရက် က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် ပူးတွဲ ကော်မရှင် အစည်းအဝေး တွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး ဩဂုတ်လ ၁၁ ရက် မှ စတင်၍ ခွင့်ပြုပေးခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ ခိုင်လုံသော (သက်တမ်းရှိ) သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားကြသည့် စာချုပ်ဝင်နိုင်ငံ၏ နိုင်ငံသားများသည် အခြားတစ်ဘက် စာချုပ်ဝင်နိုင်ငံ၏ နယ်မြေအတွင်း ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ ခေတ္တနေထိုင်ခြင်း (သို့မဟုတ်) ဖြတ်သန်း သွားလာခြင်းတို့အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ် များမှ တစ်ဆင့် ဝင်ခွင့် (သို့မဟုတ်) ထွက်ခွာခွင့်နှင့် စပ်လျဉ်း၍ ရက်ပေါင်း (၁၄) ရက်ထက် မကျော်လွန်သည့် ကာလအတွင်း ဗီဇာ ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ပြီး သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံ သား ၄၅,၅၃၃ ဦး နှင့် နိုင်ငံခြားသား ၆၂,၄၁၆ ဦး ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံသား ၄၃,၉၈ဝ နှင့် နိုင်ငံခြားသား ၆၃,၈၉၆ ဦးတို့ ထိုင်းနိုင်ငံ မှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ရောက်ရှိ လာခဲ့ရာ ၎င်း တို့တွင် ထိုင်းနိုင်ငံသား ၁ဝ,၈၁၆ ဦး ပါဝင်ခဲ့ကြောင်း ၊ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၅၇၃,၂၈၂ ဦး၊ နိုင်ငံခြားသား ၈၈ဝ,၈၃၈ ဦး ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီး ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသား ၅၈၇,၈ဝ၄ ဦး၊ နိုင်ငံခြားသား ၈၇၂,၈၇၅ ဦး ပြန် လည်ဝင်ရောက်ခဲ့ကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ သိရသည်။ (Xinhua)