Connect with us

Local

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ နိုင်ငံတစ်ဝန်း ဆန်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသွားမည် ဟုဆို

ရန်ကုန် ဆိပ်ကမ်းတွင် ဆန်အိတ်များ သယ်နေသာ အလုပ်သမားတစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ ဆန်စပါးဆိုင်ရာ ကုမ္ပဏီများ၊ စက်ပိုင်များ၊ ကုန်သည်များ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုဖြင့် နိုင်ငံတဝန်းရှိ မြို့နယ်များတွင် ဆန်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသွားမည့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ဖွင့်လှစ်သွားမည့် မြို့နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း) နှင့် ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) ၊ မကွေးတိုင်း ဒေသကြီးတွင် ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာ မြို့နယ်နှင့် လယ်ကိုင်း မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေဘိုမြို့နှင့် မုံရွာမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးတွင် ပြည်မြို့၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ နတ်တလင်းမြို့နယ် နှင့် သာယာဝတီမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် မန္တလေးမြို့၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ဇလွန်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ မြောင်းမြမြို့နယ် နှင့် ဓနုဖြူမြို့နယ်၊ နေပြည်တော်တွင် ပျဉ်းမနားမြို့၊ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ် တို့တွင် ရောင်းချ သွားမည် ဟုဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဆန်အရောင်းဆိုင်များ ဖွင့်လှစ်၍ ရေဘေးသင့် ပြည်သူများကို လှူဒါန်းရန် သော်လည်းကောင်း၊ ပြည်သူများ စားသုံးရန် အတွက်သော် လည်းကောင်း ရောင်းချ ပေးသွားရန် စီစဉ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ဆင်ဟွာကို ယနေ့ပြောကြားသည်။

ဆက်သွယ် ဝယ်ယူမည့်သူများ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံး ၀၁-၂၁၈၂၆၆၊ ၀၉၇၃၀၂၃၆၈၈ ကိုဖြစ်စေ၊ ဆန်စပါး ကုန်စည်ဒိုင်များကို ဖြစ်စေ ဆက်သွယ် ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း၊ အခြား လိုအပ်သည့် နေရာများတွင် ဆက်လက် ဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိကြောင်းလည်း သတင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.