Connect with us

Local

သြဂုတ်လပထမပတ်တွင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ရေထွက်ပစ္စည်း ၂၄၅၀ တန်ခန့်တင်ပို့နိုင်ခဲ့

ရေထွက်ကုန်များအား တွေ့ရစဉ် (ဓာတ်ပုံ-- စီးပွားကူးသန်း)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများနှင့် ကုန်သွယ်ရေးဇုန်များမှ ဩဂုတ်လ ပထမပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၂ . ၉၄၇ သန်း တန်ဖိုးရှိ ရေထွက်ပစ္စည်းမျိုးစုံတန်ချိန်၂၄၅၀ခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဇူလိုင်နောက်ဆုံးပတ် အတွင်း တန်ချိန် ၂၄၀၂ တန်တင်ပို့ခဲ့သည့် အတွက် ယခုတစ် ပတ်တွင် ၄၈ တန် ခန့် ပိုမိုတင်ပို့နိုငကြောင်း ကုန်သွယ်ရေး စခန်းများမှသိရပါတယ်။ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းအလိုက် တင် ပို့မှု အခြေအနေကို ကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ဝ.၁၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ငါးရှဉ့် ပုစွန်စုစုပေါင်း တန်ချိန်၈၅ တန်ခန့် ကိုလည်းကောင်း၊ ကော့သောင်းကုန် သွယ်ရေးစခန်း မှ အမေရိကန်ဒေါ်လာ ဝ. ၆၁၆ သန်းတန်ဖိုးရှိ ငါး မျိုးစုံ၊ ကင်းမွန်၊ပုစွန်၊ကဏန်းနဲ့အခြား ရေထွက်ပစ္စည်းတို့ကို စုစုပေါင်း တန်ချိန် ၇၉၉ တန်ခန့်နှင့် မြိတ်ကုန်သွယ်ရေး စခန်း မှ အမေရိကန်ဒေါ်လာ ၂.၂၀၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ အေးခဲပုစွန်၊ အေးခဲကဏန်းပျော့၊ ရေငန်ပုစွန်၊ ပုစွန်ခြောက်၊ ငါး ခြောက်၊ ငါးအသားလွှာ၊ ကဏန်းသေး (အသေ) ကင်းမွန်တို့ကို စုစုပေါင်း တန်ချိန် ၁၅၆၆ ခန့်အသီးသီး တင်ပို့ နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.