Connect with us

Local

ရွှေထည်၊ ရတနာ ရောင်းချမှု ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း စတင်ကောက်ခံလျက်ရှိ

ရွှေဝယ်ယူသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ရွှေထည်လက်ဝတ် ရတနာရောင်းချခြင်းမှ ကုန်သွယ်ခွန် တစ်ရာ ခိုင်နှုန်းကောက် ခံနေမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခွန်ဆောင်နိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၉ လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်က “ရွှေလက်ဝတ်ရတနာတွေအတွက် အခွန်က ဇွန် ၁ရက်နေ့က စကောက်ပါတယ်။ ရွှေခွန်တံဆိပ်ခေါင်းဆိုပြီး သပ်သပ်ထုတ်ပါတယ်။ ရွှေက တော့ အရောင်းအေး တယ်။ အိမ်ခြံမြေဈေးအေးတာရော၊ စပါးဈေးအေးတာရော၊ အခွန်ရော အကြောင်းအရာတွေစုံသွားတော့ အရောင်းအေးသွားတယ်။ ဥပမာ ရွှေတစ်မတ်သားဝယ်တဲ့သူဆိုရင် ငွေကျပ် ၂၀၀၀ ကျော်လောက်၊ ငါးမူးသားဝယ်သူ က ငွေ ၄၀၀၀ ကျော်လောက် အခွန်အတွက် ပိုပေးလိုက်ရတယ်ပေါ့’’ ဟုဆင်ဟွာကိုပြောသည်။

ကုန်သွယ်လုပ်ငန်းခွန်နှင့်ပတ်သက်၍ ရွှေထည်၊ လက်ဝတ် ရတနာရောင်း ချခြင်းမှ ရောင်းရငွေ ပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်း ကျသင့် သည် ဆိုသည်မှာ ၂ဝ၁၇ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေပုဒ်မ-၁၄(ဇ)အရ ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှစတင်ကာ တစ်ရာခိုင်နှုန်းကောက် ခံကြောင်း၊ အခွန်ပြေစာအမှတ်တံဆိပ် လက်ခံ ရရှိသည့်အပေါ်တွင် မူတည်ပြီး ဈေး ကွက်ကြီးသည့် ရန်ကုန်ကို အရင်ဆုံး ဖြန့်ကြောင်း၊ ယင်းနောက် မန္တလေးကိုဖြန့်ကာ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အခွန်ဆောင်နိုင်ရန် အတွက် စတင်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် ပျက်ကွက်မှုတစ်ခုစီ အတွက် ၁ဝ ရာခိုင်နှုန်းနှင့် ညီမျှသော ဒဏ်ငွေကို ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်း ထားခြင်းကြောင့် လုပ်ငန်းကို ဘဏ္ဍာနှစ်မစမီကတည်းက မှတ်ပုံတင် ရကြောင်း၊ မှတ်ပုံ မတင်လျှင် ပျက်ကွက်ဖြစ်ကြောင်း၊ လုပ်ငန်းစတင် မည်ဆိုပါ က လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာကို ပေးပို့ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရန်နှင့် လုပ်ငန်းစတင်ရန် ပျက်ကွက်ပါက စည်းကြပ်မှု၏ ကျသင့်ငွေ ၁ဝ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.