Connect with us

Local

၂၀၁၆ ဘဏ္ဍာ နှစ်တွင် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၁ ဘီလီယံအထိ ရောက်ရှိရန်မျှော်မှန်း

ထိုင်း-မြန်မာ နယ်စပ်ဂိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ယခု ၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု တန်ဖိုးငွေ ဒေါ်လာ ၃၁ ဘီလီယံ အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ကုန်သွယ်ရေး ဦးစီးဌာန UMFCCI ခန်းမ၌ ကျင်းပသော အွန်လိုင်း အပြည့်အဝ အသုံးပြု ပို့ကုန်သွင်းကုန် လိုင်စင်စနစ် အလုပ်ရုံ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“နယ်စပ်ဂိတ်တွေကသာမက ပင်လယ်ရေကြောင်းကပါ ပို့ကုန်တွေ မြှင့်တင် သွားဖို့ လုပ်ဆောင်နေတာပါ။ အခြားကုန်သွယ်ဘက် နိုင်ငံတွေနဲ့လည်း ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်”ဟု ဦးရန်နိုင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ ဖိုးရှိပြီး ၎င်းနှစ် မတိုင်မီ အရင်တစ်နှစ်က ဒေါ်လာ ၂၉ ဘီလီယံ အထိ မြင့်တက်ခဲ့ ကြောင်း သိရသည်။ ယခုနှစ်တွင် အလားအလာ ရှိသော ပို့ကုန်များ မြှင့်တင်ရေး ကြိုးပမ်းလျက်ရှိရာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံဖိုးအထိ တိုးတက် ရရှိရန် ခန့်မှန်း ထားကြောင်း သိရသည်။ မြန်မာနိုင်ငံက အလားအလာရှိသော ပို့ကုန်များအဖြစ် ကွမ်းသီး၊ နှမ်း၊ ဝါဂွမ်း၊ သကြား အစရှိသော ပို့ကုန်များ တိုးမြှင့် တင်ပို့လျက် ရှိကြောင်း သိရသည်။ လက်ရှိ အချိန်တွင် အလားအလာရှိသော ပို့ကုန်များတွင် သကြားမှာ တင်ပို့မှု အများဆုံး ဖြစ်ပြီး ယမန်နှစ် သြဂုတ်လပိုင်းမှ တင်ပို့မှု ခွင့်ပြုချိန်မှစပြီး တန်ချိန် တစ်သန်းအထိ တင်ပို့နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ကုန်သွယ်မှု မြှင့်တင်ရာတွင် ပြည်ပနိုင်ငံများ၏ လိုအပ်ချက်နှင့် မြန်မာနိုင်ငံမှ ပို့ကုန်များ ထုတ်လုပ် တင်ပို့နိုင်မှု အပေါ်တွင် အခြေခံကြောင်း၊ ဈေးကွက်ရှိပြီး ကုန်ထုတ်လုပ်မှုလည်း ကောင်းရန် လိုကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.