Connect with us

Local

ကုန်းတွင်းဆိပ် တည်ဆောက်ရန် ကုမ္ပဏီငါးခုရွေးချယ်

ရန်ကုန်မြို့ရှိ ဆိပ်ကမ်း တစ်ခုတွင် တွေ့မြင်ရသော ကုန်သေတ္တာ သိုလှောင် စခန်း (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကုန်စည် သယ်ယူမှု ပိုမို လွယ်ကူစေရန် ကုန်းတွင်းဆိပ် တည်ဆောက်ရန် ကုမ္ပဏီ ၅ ခုကို ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့ မီးရထားက ယနေ့ ရွေးချယ်လိုက်ကြောင်း သတင်း ထုတ်ပြန်ချက် အရသိရသည်။

ရန်ကုန်တိုင်း ဒေသကြီး (ရွာသာကြီး) နှင့် မန္တလေးတိုင်း ဒေသကြီး (မြစ်ငယ်) တို့တွင် ကုန်းတွင်းဆိပ် တည်ဆောက်ရန် အလားအလာရှိသည့် ကုမ္ပဏီ ၅ ခုကို စိစစ် ရွေးချယ်လိုက်ပြီး အဆိုပါ ကုမ္ပဏီ ငါးခုသည် UMG Logistics Co.,Ltd၊ KMA Shipping Co.,Ltd၊ Malikha Shipping Co.,Ltd ၊ KERRY Logistics Network နှင့် Resources Group Logistics Co.,Ltd တို့ဖြစ်သည်။

အဆိုပါ ကုမ္ပဏီ ငါးခုထဲမှ ကုန်းတွင်းဆိပ် တည်ဆောက် ရေးအတွက် အရည်အသွေး ပြည့်သည့် ကုမ္ပဏီ ၂ ခုကို ထပ်မံ ရွေးချယ်မည် ဖြစ်ပြီး ယင်း ကုန်းတွင်းဆိပ် ၂ ခု တည်ဆောက်ပြီးလျှင် ကုန်သေတ္တာ တင်ဆောင် ပြေးဆွဲခြင်းကို နိုင်ငံတကာ အဆင့် စံနှုန်းနှင့် ကိုက်ညီသော သီးသန့် ကုန်သေတ္တာတင် ရထားများလည်း ပြေးဆွဲမည် ဖြစ်သည်။ (Xinhua)