Connect with us

Local

အမေရိကန် တစ်ဒေါ်လာ ၁၅၇၃ မှ ၁၅၁၃ ကျပ်အထိ နှစ်ရက် အတွင်း ၆၀ ကျပ်ကျဆင်းလာ

အမေရိကန်ဒေါ်လာ နှင့် ကျပ်ငွေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်တစ်ဒေါ်လာသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၁၅၇၃ ကျပ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ၁၅၁၃ကျပ် ဝန်းကျင် အထိ ၂ ရက်အတွင်း ၆၀ ကျပ် ကျဆင်းလာခဲ့သည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက “မနေ့ကနဲ့ ဒီနေ့ နှစ်ရက် တည်းကိုတော်တော်ကျသွားတယ်။ အခုလို ငွေဈေးကျတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ကောင်းတယ်။ တက်တာကျတာထက် လုပ်ငန်းရှင်တွေ အနေနဲ့ ကတော့ ဈေးနှုန်းတည်ငြိမ်နေရင် ပိုလုပ်ရကိုင်ရတာ အဆင်ပြေပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

အခြားသွင်းကုန်များအပေါ် တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် ထပ်ဆောင်းအခွန်သစ်များ စည်းကြပ်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ချက် ထွက်ရှိပြီးသည့် နောက် ငွေဈေးကျခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လာဈေးကွက်ကိုစောင့်ကြည့်လေ့လာသူဦးစန်းဝင်းက သုံးသပ်သည်။

ဦးစန်းဝင်းက “ ငွေဈေးက အကျအရမ်းကြမ်းသွားတယ်။ လူတွေက ကြောက်ပြီး ထုတ်ရောင်းကြတာကြောင့်လည်း ရောင်းလိုအား ပိုများပြီး ဈေးအကျကြမ်းသွားလည်း ပါမယ်’’ ဟု ဆင်ဟွာကိုပြောသည်။

ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က “အမေရိကန် နဲ့ တရုတ်ကုန်သွယ်မှု အဆင်ပြေသွားတော့ ကောင်းတဲ့ အကျိုးဆက်အနေနဲ့ ဈေးပြန်ကျတာလို့ ထင်ပါတယ်။ ပြီးတော့ ရေနံဈေးလည်း ကျတယ်။ ရွှေဈေးလည်းကျတယ်။ဒေါ်လာဈေးနှုန်း အတက်အကျကတော့လက်ရှိမှာ ခန့်မှန်းရတော့ ခက်တယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ဘက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်တစ်ဒေါ်လာ အား တစ်ဒေါ်လာ ကျပ်၁၅၇၀ ဖြင့် ဈေးဖွင့်ခဲ့သည်။ ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာ အားရောင်းသည့်ဈေးနှင့် ဝယ်ယူသည့် ဈေးနှုန်းသည် ငွေဈေး အတက်အကျကြမ်းနေသည့် အတွက် ရောင်းဈေး နှင့် ဝယ်ဈေး ကျပ်၃၀ ကျော်ခန့်ခွာ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.