Connect with us

Local

မော်တော်ယာဉ် တင်သွင်းသူများ အခွန်ဆိုင်ရာ စိစစ်ဆောင်ရွက်လျက် ဝင်ငွေခွန် ပေးဆောင်ပြီးကြောင်း အထောက်အထား ထုတ်ပေးမည့် အစီအစဉ်များ အသိပေးကြေညာ

ပြည်ပမှ တင်သွင်းလာသော ဝင်ငွေခွန်ပေးဆောင်ပေးသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုရေး အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)သို့လျှောက်ထားရာတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပေးမည့် ဝင်ငွေခွန် ပေးဆောင်ပြီးကြောင်း အထောက်အထား ပူးတွဲတင်ပြရန် လိုအပ်သော မော်တော်ယာဉ် တင်သွင်းခြင်းများအား အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)သို့ လျှောက်ထားရာတွင် နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ် တစ်ဦးချင်း ၊ ပို့ကုန်/သွင်းကုန် ကုမ္မဏီများ ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ကုမ္မဏီများမှ တင်သွင်းခြင်းများ အပါအဝင် မော်တော်ယာဉ်/မော်တော် ဆိုင်ကယ် ရောင်းချသည့် လုပ်ငန်းအတွက် တင်သွင်းခြင်းများ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ အဖွဲ့ပြည်ထောင်စု နယ်မြေ ကောင်စီ၏ ထောက်ခံချက်ဖြင့် တက္ကစီယာဉ် တင်သွင်းခြင်း နှင့် ပုဂ္ဂိုလ် တစ်ဦးချင်းစီမှ မော်တော် ဆိုင်ကယ် တင်သွင်းခြင်းများအတွက် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပေးမည့် ဝင်ငွေခွန် ပေးဆောင်ပြီးကြောင်း အထောက်အထား ပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။

ထိုအတူ ဝင်ငွေ ရလမ်း တင်ပြနိုင်ခြင်း မရှိပါက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ အဖြစ် သတ်မှတ်၍ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ အခွန်နှုန်းများ အတိုင်း ဝင်ငွေခွန် ပေးဆောင်စေပြီးမှ ဝင်ငွေခွန် ထမ်းဆောင်ပြီးကြောင်း အထောက်အထား ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် တင်သွင်းခြင်းများအတွက် အသုံးပြုမည့် နိုင်ငံခြား ငွေတန်ဖိုး နှင့် ပေးဆောင်ရမည့် အကောက်ခွန် ၊ ကုန်သွယ် လုပ်ငန်းခွန် ၊ အထူး ကုန်စည်ခွန်(၁-၄-၂၀၁၆ ရက်မှ စတင်၍ ပေးဆောင်ရမည့် အခွန်အမျိုးအစား) တို့အတွက် စုစုပေါင်း ငွေပမာဏ အပေါ် ဝင်ငွေ ရလမ်း စိစစ်ခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဝင်ငွေ ရလမ်း စိစစ်ချက်အရ အသုံးပြုမည့် ဝင်ငွေ အပေါ် လုံလောက်သော ဝင်ငွေ ရလမ်း တင်ပြနိုင်ပါက ဝင်ငွေခွန် ထပ်မံ ထမ်းဆောင် စေခြင်း မပြုဘဲ ဝင်ငွေခွန် ထမ်းဆောင်ပြီးကြောင်း အထောက်အထား ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)