Connect with us

Local

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ စက်တင်ဘာလတွင် ကျင်းပမည်

ဇွန်လ အတွင်း ပြုလုပ်ခဲ့သော ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း ၊ ကျောက်မျက် အတွဲများကို စက်တင်ဘာလ ၁၆ ရက်မှ ၂၅ ရက် အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ်မည့် ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် တင်ပြ ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီမှ ယနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရတနာ ပြပွဲသို့ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ လိုင်စင် ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များ နှင့် အညီ ရတနာ ပြပွဲသို့တက်ရောက် ခွင့်ပြုမည် ဖြစ်ပြီး မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ ၊ နည်းဥပဒေများ နှင့် အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဇွန်လ အတွင်း ကျင်းပခဲ့သော ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်စိမ်း ၊ ကျောက်မျက် အတွဲ စုစုပေါင်း ၃၃၆၈ တွဲ တင်ပြ ရောင်းချခဲ့ရာ ကျောက်စိမ်း ၊ ကျောက်မျက် အတွဲ ၃၀၆၀ တွဲ ရောင်းချရခဲ့ရာ ကျပ်သန်းပေါင်း ၆၀၈၉၁ ဒသမ ၉၇၉ ဖိုး ရောင်းခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.