Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုငွေကျပ် ၆၀၀ ဘီလီယံကျော်ရရှိထား

ပြည်တွင်းအထည်ချုပ်လုပ်ငန်းတစ်ခု၌ အလုပ်သမားများ အလုပ်လုပ်ကိုင်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၅၃၇,၁၃၄ ဒသမ ၈၇၆ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၆၂၅,၃၈၃ ဒသမ ၄၂၀ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှု မှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၆ ခုမှ ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၂၆၆,၆၂၂ ဒသမ ၀၆၄ သန်း သာ ရရှိခဲ့ကြောင်းသိရသည်။

ယခု ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအရေအတွက် ၁၂ ခုခန့် လျော့နည်းခဲ့ သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် လုပ်ငန်း များ ဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု ငွေကျပ် ၃၀၀ ဘီလီယံကျော်  ပိုမိုဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုကဏ္ဍတွင် ၁၂ ခု၊ အခြား ဝန်ဆောင်မှုကဏ္ဍတွင် ၄ ခု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ နှင့် အိမ်ရာအဆောက်အဦ တည်ဆောက် ဖွံ့ဖြိုးရေးကဏ္ဍ တို့တွင် ၃ ခုစီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှင့် လယ်ယာကဏ္ဍ တို့တွင် ၁ ခုစီတို့ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117