Connect with us

Local

1st Myanmar Financial Inclusion Conference သြဂုတ်လ ၂ရက်နေ့တွင် ပြုလုပ်မည်

Myanmar Institube of Finance logo (ဓာတ္ပံု-MIF FACEBOOK စာမ်က္နာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲနေသည့် အခြေအနေတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးမည့် ပထမဆုံးအကြိမ်ကျင်းပမည့် 1st Myanmar Financial Inclusion Conference ကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် သြဂုတ်လ ၂ ရက်နေ့တွင် စတင်ကျင်းပမည်ဟု ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။

အဆိုပါပွဲတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက် ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြမည်ဟု သိရသည်။

အဆိုပါပွဲတွင် ပါမောက္ခများမှ ဂုဏ်ထူးဆောင် ဧည့်သည် အဖြစ်တက်ရောက်မည်ဖြစ်ပြီး၊ ပထမ အစီအစဉ် တွင် SME Finance ၊ ဒုတိယ အစီအစဉ် တွင် အာမခံလုပ်ငန်း၏ စီးပွားရေးလုပ်ငန်းများ နှင့် တတိယ အစီအစဉ်တွင် ပြည်သူများ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည့် နေရာသစ် (Stock Exchange) ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများအနေဖြင့် အခမဲ့တက်ရောက်နိုင်မည်ဖြစ်ပြီး https://mific2015.wufoo.com တွင်လည်းကောင်း၊ ဖုန်း-၀၉၂၅၄၀၅၂၁၉၅ သို့ စားရင်းပေး၍ အခမဲ့ တက်ရောက်နိုင်ကြောင်း အဆိုပါ ဝက်ဘ်ဆိုဒ်တွင် တရားဝင် သတင်းထုတ်ပြန်သည်။ (Xinhua)