Connect with us

Local

ဒေါ်လာဈေး ၁,၂၁၈ ကျပ်အထိ ပြန်လည် မြင့်တက်လာ

အေမရိကန္ေဒၚလာ (ဆင္ဟြာ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဒေါ်လာဈေးနှုန်းများ ကျဆင်းရန် အစိုးရမှ ထိန်းသိမ်းပြီးသည့်နောက် တစ်ဒေါ်လာကို ၁,၀၈၅ ကျပ်ဝန်းကျင်နဲ့ ငြိမ်နေရာကနေ ယနေ့တွင် တစ်ဒေါ်လာကို ၁,၂၁၈ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့သည်။

စီးပွားရေး ပညာလေ့လာသူ ဦးသန်းစိုး (ဘောဂဗေဒ) က “ အခု တခါ ဒေါ်လာ ဈေးတက်တာကတော့ အစိုးရ က ကျပ် ၁၀,၀၀၀ တန် အသစ်ထုတ်တာနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ အဲ့ဒီ သက်ရောက်မှုက ကြီးသွားတာပါ။ ၂၀၁၃ တုန်းက ၅,၀၀၀ တန် ထွက်တုန်းကလည်း တစ်ဒေါ်လာကို ၉၀၀ ကျော်ကနေ ၁,၀၀၀ ကျော်အထိ တက်သွားဖူးတယ်’’ ဟုပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းက လက်ရှိဆိုရင် ၅ နှစ်ထဲ ဝင်လာပြီ ဖြစ်သောကြောင့် အခု နှစ်ပိုင်းအတွက် အကောင်အထည ်ဖော်စရာတွေကို အမြန် အကောင်အထည် ဖော်ရသည့် အခါ ဘတ်ဂျက် လိုငွေပြခြင်း၊ အစိုးရ ဌာနမှ မိမိ အကောင်အထည်ဖေါ်ရသည့် စီမံကိန်းများအတွက် ဒေါ်လာ အသုံးပြုရခြင်း ၊ ဘတ်ဂျက် လိုငွေပြသည့် အချိန်တွင် GDP တက်မလာ ခြင်းစသည့် အကြောင်းများကြောင့်လည်း ယခု နှစ်ထဲတွင် ဒေါ်လာဈေး မြင့်တက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းကပဲ “ဒေါ်လာဈေး ထပ်တက်၊ မတက် ခန့်မှန်းဖို့ဆိုတာ ဗဟိုက အရံငွေကြေး ဘယ်လောက် ရှိသလဲ သေချာ ကြေညာမှ ခန့်မှန်း တွက်ချက်နိုင်မှာ ဖြစ်တယ်။ အကြမ်းအားဖြင့် ပြောရရင် ဘတ်ဂျက်က လိုငွေပြနေတယ်။ GDP တက်အောင်လည်း မလုပ်နိုင်ဘူး ဆိုရင်တော့ ဒေါ်လာဈေးက ဆက်တက်ဦးမယ်လို့ ထင်ပါတယ်’’ ဟု ပြောသည်။

ယနေ့ နေ့လည် ၃း၃၀ နာရီ တွင် တစ်ဒေါ်လာကို ကျပ် ၁,၂၁၈ ကျပ်၊ ပို့ကုန်ဝင်ငွေ တစ်ယူနစ်ကို ကျပ်၁,၂၁၆ ကျပ်၊ ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ကျပ် ၇၄၄,၀၀၀ ရှိပါတယ်။လက်ရှိတွင် ဒေါ်လာဈေးကွက်တွင် ဝယ်ရောင်းတွေလည်း ဈေးကစားမှု ရှိနေကြောင်း ဒေါ်လာဈေးကွက် စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117