Connect with us

Local

COVID-19 အလွန်ကာလ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရန် အားကစားခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသစ်များ ဖော်ဆောင်ခြင်း ဆောင်ရွက်လျက်ရှိ

ပုဂံဒေသ၌ နေဝင်ချိန်တွင် မီးပုံးပျံ ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသား/အေးလပြည့်

COVID-19 အလွန်ကာလ အတွက် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရန် အားကစားခရီးသွားလုပ်ငန်း (Sport Tourism) ဖော်ဆောင်ခြင်းနှင့် တိုင်းဒေသကြီး၊ပြည်နယ်အလိုက် ခရီးစဉ်ဒေသစ်များဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားသည်။

“တခါလာလည်း ရန်ကုန်၊မန္တလေး၊ ပုဂံ၊ အင်းလေး ဆိုတော့ ရိုးသွားမှာလေ။ ပြည်နယ်နဲ့ တိုင်းအလိုက် အသစ် အသစ်တွေ ပေါ်လာရမယ်။ COVID-19နဲ့ပတ်သက်ပြီး ဖြေလျှော့လို့ ခရီးသွားလာမှု ပြန်ပြီးစတင်ရင်လည်း ဝင်ရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေက တစ်နေရာတည်းမှာ စုပြုံနေတာမျိုးမဖြစ်ရအောင် ခရီးစဉ်ဒေသတွေ များနေရင် လူတွေ က အနှံ့အပြားကို သွားရင် Social Distancing အတွက်လည်း မပူရတော့ဘူးပေါ့။ ဒါကြောင့် ခရီးစဉ် ဒေသသစ်တွေက အမြဲလိုအပ်နေမှာပါ’’ ဟု ၎င်းက ဆိုသည်။

ထို့အပြင် နိုင်ငံတကာတွင် ခေတ်စားပြီး မြန်မာနိုင်ငံတွင် မတွင်ကျယ်သေးသည့် အားကစားခရီးသွားလုပ်ငန်းကိုလည်း COVID-19 အလွန်ကာလတွင် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။“Sport Tourism အတွက် အားကစားနဲ့ ပတ်သက်တဲ့ ခရီးစဉ်တွေကို ကျွန်တော်တို့ ကော်မတီတစ်ခုဖွဲ့ပြီး ဆောင်ရွက်နေတာရှိပါတယ်။Myanmar Tourism Marketing အသင်းကနေ ဒါတွေကို ဆောင်ရွက်ဖို့ လုပ်နေတာရှိပါတယ်။ ဥပမာထိုင်းနိုင်ငံမှာမွေ့ထိုင်းလက်ဝှေ့ရှိသလို မြန်မာ့ရိုးရားလက်ဝှေ့နဲ့ ပတ်သက်ပြီး ခရီးစဉ် ပုံစံမျိုးတွေ ဖော်ထုတ်သွားဖို့လည်းရှိပါတယ်။ ဒါကို ပြည်သူတွေပိုမိုစိတ်ဝင်စားဖို့ ဆောင်ရွက်သွားမှာပါ’’ ဟု ဦးအောင်အေးဟန်က ဆက်ပြောသည်။

ခရီးစဉ်ဒေသသစ်များ၊ အားကစားခရီးစဉ်များ ဖော်ဆောင်ရာတွင် ဆွဲဆောင်မှုရှိရန်လိုအပ်ခြင်း၊ သွားရေးလာရေးလွယ်ကူအောင် ဆောင်ရွက်ခြင်း ၊ စားရေးသောက်ရေးအဆင်ပြေအောင်ဆောင်ရွက်ခြင်း၊ တည်းခိုနေထိုင်ရမည့်နေရာများ ပြည့်စုံလုံလောက်စေအောင်ဆောင်ရွက်ခြင်း စသည့်အချက်များကို အဓိကထားပြီး ဆောင်ရွက်ရကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.