Connect with us

Local

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ www.myanmartourism.org Website အား ဒီဇိုင်း အသစ်ဖြင့် ရေးဆွဲပြီးစီးခြင်း

ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ဝက်ဆိုဒ် ဒီဇိုင်းအသစ်အားတွေ့ရစဉ် (ဓာတ်ပုံ- myanmartourism.org)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ www.myanmartourism.org Website သို့ လာရောက်ကြည့်ရှုသူများအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များအား ပိုမိုတိကျပြည့်စုံစွာပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာန Website အား Design အသစ်ဖြင့် ရေးဆွဲ ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှသတင်းထုတ်ပြန်သည်။

အဆိုပါ ဒီဇိုင်းအသစ်တွင် နောက်ဆုံးအခြေအနေ နှင့်ကိုက်ညီသော လိုင်စင်ရဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ၊ ခရီးသွားကုမ္ပဏီ၊ ဧည့်လမ်းညွှန်စာရင်းများကို ဒေသအလိုက် အသေးစိတ်ရှာဖွေနိုင်ရန် စီစဉ်ထားသည့်အပြင် ဝန်ကြီးဌာနသို့ မေးမြန်းလေ့ရှိသည့် Frequently Asked Question (FAQ) များ၊ ကမ္ဘာလှည့်ခရီးသွားများအတွက် ရှောင်ရန်၊ ဆောင် ရန်အချက်များ၊ ၎င်းတို့သိရှိလိုသော အချက်အလက်များ၊ လက်စွဲစာစောင်/စာအုပ်များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ရာတွင် အသုံးပြုစေနိုင်မည့် ခရီးစဉ်ဒေသအလိုက်ဓါတ်ပုံများကို စုံလင်စွာ ဖော်ပြပေးထားကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ဌာနခွဲများအလိုက် လုပ်ငန်းတာဝန်များ နှင့် လုပ်ငန်းလိုင်စင်များလျှောက် ထားရာတွင် ပါဝင်ရမည့်အချက်အလက်များ၊ ခရီစဉ်ဝင်/ထွက်ခွင့်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်တို့ကို ပြည့်စုံစွာဖော်ပြပေးထားပြီး ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ Website အသစ်ဖြစ်သော www.tourism.gov.mm သို့ အသေးစိတ်အချက်အလက်များအား ဝင်ရောက်ကြည့်ရှုနိုင်ပြီး ယခင် www.myanmartourism.org အဟောင်းသို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.