Connect with us

Local

Indonesia – Myanmar Business Matching ကျင်းပ

Indonesia – Myanmar Business Matching ဆွေးနွေးပွဲအားတွေ့ရစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားသံရုံး၊ ကုန်သည်စက်မှုအသင်းချုပ် နှင့် Indonesian Economists Association From Jakarta Branch တို့ပူးပေါင်း၍ Indonesia – Myanmar Business Matchingကို ယနေ့နံနက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။

စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ၌ ကုန်သည်စက်မှုအသင်းချုပ်၏ ဗပာိုအလုပ်အမှုဆောင် ဦးကျော်ဒေဝက မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများအကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်၏ လှုပ်ရှား ဆောင်ရွက်မှုများ အကြောင်းအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ Indonesia Deposit Insurance Corporation ၏ Member of the Board of Commissioner Mrs Destry Damayanti မှ Focusing on Domestic Economy & Improving Financial Resiliency ခေါင်းစဉ်ဖြင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းကဏ္ဍ၊ ဘဏ်လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှပ်နှံမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသွားခဲ့ သည်။
ယခု Business Matching တွင် အင်ဒိုနီးရှားနိုင်ငံ၏ အာမခံလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ ပညာရေး၊ ဆောက်လုပ်ရေး၊ စက်သုံးဆီနှင့် ဓာတ်ငွေ့လုပ်ငန်းများ၊ ပျော့ဖတ်နှင့်စက္ကူလုပ်ငန်းများ၊ စားသုံးဆီ စိုက်ပျိုး ထုတ်လုပ်ရေး၊ Telecomunication လုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ တင်ပို့ခြင်း၊ ဖြန့်ဖြူးခြင်း၊ တိရစ္ဆာန်အစာ ထုတ်လုပ်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်ပစ္စည်းနှင့် စက်အပိုပစ္စည်းလုပ်ငန်းများမှ လုပ်ငန်းရှင်များ လာရောက်၍ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း UMFCCI မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.