Connect with us

Local

ဇီဝဇိုး အန်ဖတ် (ငှက်သိုက်) များကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ဝယ်ယူ

ဇီဝဇိုးငှက်သိုက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နှင့် ကျွန်းစုများ၌ အသိုက်ဖွဲ့ နေလေ့ရှိသည့် ဇီဝဇိုး အန်ဖတ် (ငှက်သိုက်) များကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ဝယ်ယူကြောင်း သိရသည်။

အဆိုပါ ဒေသထွက် ဇီဝဇိုးအန်ဖတ် တချို့ကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ထိုင်း-မြန်မာ နယ်စပ် ရနောင်းမှ တစ်ဆင့် တင်ပို့ပြီး တချို့ကို အမျိုးအစားနှင့် အရည်အသွေး ခွဲခြားကာ ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချသည်။

ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဇီဝဇိုးအန်ဖတ် များကို ကုန်သည်များက ထပ်မံ သန့်စင်မှုများ၊ ထုပ်ပိုးမှုများ ပြုလုပ်ကာ မလေးရှား နိုင်ငံသို့ လည်းကောင်း၊ မန္တလေးမှ တစ်ဆင့် တရုတ်နိုင်ငံ သို့လည်းကောင်း ဆက်လက် တင်ပို့ကြခြင်း ဖြစ်သည်။

မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်း တစ်ဝိုက်၌ သဘာဝနှင့် လူတို့ ဖန်တီးထားသည့် ဇီဝဇိုးငှက် တို့နေထိုင်ရာ ငှက်အိမ် ၁၃ဝ ကျော်ရှိသည်။ ငှက်သိုက် အမျိုးအစား အလိုက် တစ်ပိဿာလျှင် အနိမ့်ဆုံး ငွေကျပ် ၁၆ သိန်းမှ ၂၂ သိန်းအထိ ပေါက်ဈေးရှိသည်။

မြန်မာနိုင်ငံ၌ ငှက်သိုက် ရရှိသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ ဦးစီး၍ နှစ်စဉ် ငှက်သိုက် သိမ်းယူခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန် စောင့်ရှောက် ပေးထားသည်။ မြန်မာနိုင်ငံ၌ ငှက်သိုက်များကို ထားဝယ် ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု နှင့် ပုသိမ်မြို့ အနောက်တောင် ဘက်ရှိ ကျွန်းများ၌ တွေ့ရသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း ၃၂ ကျွန်းမှ အဖိုးတန် ငှက်သိုက်များ ထွက်ရှိသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ် ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ် ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ် ရှိ ပုလုတိကျွန်းစု၊ ကော့သောင်း မြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု တို့မှရရှိပြီး အဆိုပါ ကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက် အများဆုံး ရရှိကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.