Connect with us

Local

နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုနိုင်မည့် KBZ UnionPay အကြွေးဝယ်ကတ်အား မိတ်ဆက်


ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုနိုင်မည့် KBZ UnionPay အကြွေးဝယ်ကတ်အား ယနေ့အောက်တိုဘာ ၁၈ ရက်တွင် ကမ္ဘောဇ အုပ်စု ၊ ကမ္ဘောဇဘဏ် လီမိတက်မှ စတင် မိတ်ဆက်ခဲ့သည်။

KBZ UnionPay အကြွေးဝယ်ကတ်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြု လမ်းညွှန်ချက်ဖြင့် ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုကတ်သည် ငွေသား သယ်ယူသွားစရာ မလိုဘဲ ကုန်စည် နှင့် ဝန်ဆောင်မှုများ ၊ အစားအသောက်များ ၊ ပစ္စည်းများကို ဝယ်ယူနိုင်မည့် ဈေးဝယ်ကတ် အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ယနေ့မိတ်ဆက်သည့် ကတ်သည် အလွှာ အသီးသီးရှိ သုံးစွဲသူ ပြည်သူများ အကျိုးရှိစေမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်မျိုးက ပြောကြားခဲ့သည်။

KBZ UnionPay အကြွေးဝယ်ကတ် မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနား ပြုလုပ်စဉ်(ဆင်ဟွာ)

အလွှာအသီးသီးရှိ သုံးစွဲသူများ အတွက် KBZ UnionPay အကြွေးဝယ်ကတ်အား Classic ကတ်နှင့် Platinum ကတ် ဟူ၍ အမျိုးအစား ၂ မျိုး ဖြင့် ထုတ်ဝေသွားမည် ဖြစ်ပြီး ထိုကတ်အမျိုးအစား ၂ မျိုးစလုံးသည် မြန်မာနိုင်ငံရှိ အရောင်းဆိုင်ပေါင်း ၇၀၀၀ ကျော်တွင်လည်း ဈေးဝယ် အသုံးပြုနိုင်မည် ဖြစ်ပြီး နိုင်ငံပေါင်း ၁၆၀ ရှိ ၃၅ သန်းသော အရောင်းဆိုင်များတွင် ငွေပေးချေမှုများ ပြုလုပ်နိုင်မည် ဖြစ်သည့် အပြင် တစ်ခြား အခွင့်အရေးများလည်း ရယူနိုင်မည့် အစီအစဉ်များလည်း ပါရှိကြောင်း သိရသည်။

KBZ UnionPay အကြွေးဝယ်ကတ် သုံးစွဲသူများ အနေဖြင့် မိမိတို့ရယူထားသော ငွေကြေးများကို အချိန်မီ ပြန်လည် ဆပ်ပါက အတိုးနှုန်း တက်မည် မဟုတ်ဘဲ နောက်ကျကြေး တစ်စုံတစ်ရာ ပေးဆောင်စရာ မလိုကြောင်း ၊ အချိန်မီ ပြန်လည် မဆပ်နိုင်ပါက နှစ်စဉ် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး ဆက်တိုက် အချိန်လွန် ပျက်ကွက်ခြင်းများ အတွက် အပိုဆောင်ကြေးများ ပေးဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် UnionPay ကတ်များကို AGD ဘဏ် ၊ AYA ဘဏ် ၊ CB ဘဏ် ၊ KBZ ဘဏ် နှင့် MOB ဘဏ်တို့မှ လက်ခံ အသုံးပြုလျက် ရှိပြီး UnionPay ကတ်များကို နိုင်ငံတစ်ဝန်းရှိ ၈၀ ရာခိုင်နှုန်းကျော်သော ဒေသတွင်း လက်လီ အရောင်းဆိုင်များ ၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာဆိုင်များနှင့် ATM စက်များအားလုံးနီးပါးတွင် အသုံးပြုနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.