Connect with us

Local

တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့် Re-export စနစ်နှင့် လိုင်စင်လျှောက်ထားမှု များကို ဆက်လက်ခွင့်ပြုပေးသွားမည်

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ပြည်ပဈေးကွက် ဝယ်လိုအားနှင့် ပြည်တွင်း ထုတ်လုပ်နိုင်မှု အခြေအနေတို့ အရ တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့် Re-export စနစ်နှင့်လိုင်စင် လျှောက်ထားမှု များကို ဆက်လက်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် ပစ္စည်းများကို ပြည်တွင်း၌ ပြုပြင် ထုတ်လုပ်ခြင်း (သို့မဟုတ်) မူလအတိုင်း တခြားနိုင်ငံသို့ ပြန်လည် တင်ပို့ခြင်း Re-export စနစ်ဖြင့် တင်ပို့နေသည့် ကုန်ပစ္စည်း အမျိုးအစား ၂ဝ ကျော်ရှိပြီး အဓိက တင်ပို့နေသည့် ကုန်ပစ္စည်း များမှာ သကြား၊ စက်သုံးဆီ (ဒီဇယ်) နှင့်ကွမ်းသီးတို့ ဖြစ်သည်။ အဆိုပါ တင်ပို့မှုတွင် သကြား တင်ပို့မှုမှာ အများဆုံးဖြစ်ပြီး တန်ချိန် တစ်သိန်းကျော် အထိရှိကာ တရုတ် နိုင်ငံသို့ အများဆုံး တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက တစ်ဆင့်ခံ ပြည်ပ တင်ပို့ခွင့် စနစ်နှင့် ကုန်ပစ္စည်း အမယ် ၁၄ မျိုးကို ထပ်မံခွင့်ပြု ပေးခဲ့ပြီး ကုန်ပစ္စည်း အမယ်များမှာ ကားတာယာ၊ နှမ်း (ဖြူ၊နက်)၊ ငရုတ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီး၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ အချိုရည်၊ စားသောက်ကုန် ပစ္စည်းများ၊ အဝတ်အထည်၊ စက်သုံးဆီနှင့် ကြက်သွန်ဖြူ တို့ပါဝင်သည်။

ပင်လယ် ရေကြောင်းမှ တင်သွင်းသော ကားတာယာ၊ စားသုံးဆီများ အပါအဝင် လယ်ယာ ထုတ်ကုန်၊ အလှကုန်၊ စားသောက်ကုန်နှင့် အဝတ်အထည် စသော ကုန်ပစ္စည်း ၁၄ မျိုးကို မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ပြည်ပပို့ကုန် တင်ပို့မှုကို သုံးဆ

တိုးမြင့်လာရန် ကဏ္ဍအလိုက်၊ နှစ်အလိုက် တိုးမြှင့် တင်ပို့မည့် ပို့ကုန်များနှင့် ပတ်သက်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.