Connect with us

Local

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေး ကုန်သည်လုပ်ငန်းရှင်များ ခေတ္တရပ်နားထား

ရခိုင်ပြည်နယ် မောင်တော်မြို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန)

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင်များက ခေတ္တရပ်နားထားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံဘက် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူဝင်လူထွက်များ ပိတ်ထားခြင်း ၊ ညမထွက်ရအမိန့် ထုတ်ထားခြင်း တို့ကြောင့် ကျောင်း များလည်း ပိတ်ထားကြောင်း၊ မောင်တောတွင် အနယ်နယ် အရပ်ရပ်မှလာရောက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် မိမိနေရပ်ဒေသများသို့ ပြန်ကြသောဝန်ထမ်းများလည်း ရှိသကဲ့သို့ စစ်တွေမြို့သို့ သွားရောက်နေထိုင် ကြသည့် ဝန်ထမ်းများလည်း ရှိကြောင်း သိရသည်။

မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်ထိ နယ်စပ် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၀၈၉ သန်း ရှိကြောင်း တရားဝင် ထုတ်ပြန်သည့် စာရင်းဇယားများ အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.