Connect with us

Local

ရန်ကုန်မြို ့လယ်ခေါင် ဘူတာကြီး နယ်မြေ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း တင်ဒါ ပြန်လည်ခေါ်ယူမည်

ရန်ကုန်ဘူတာကြီး အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန် ဘူတာကြီး ဧရိယာ နယ်မြေ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံလိုသူ ပြည်တွင်း ပြည်ပ ကုမ္ပဏီ အဖွဲ့အစည်းများအား တင်ဒါ ခေါ်ယူခဲ့ရာ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီသူ မရှိဘဲ တင်ဒါအောင်မြင်သူ မရှိသဖြင့် မကြာမီ တင်ဒါ ပြန်လည်ခေါ်ယူခြင်း (Retender) ဆောင်ရွက်သွား မည်ဟု မြန်မာ့မီးရထားမှ သိရသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထားသည် ရန်ကုန် ဘူတာကြီး ဧရိယာနယ်မြေ ၆၃.၆၂၂ ဧကပေါ်၌ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံလိုသူများအား တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ရာ ကုမ္ပဏီ အဖွဲ့အစည်း ၃၄ ဖွဲ့က တင်ပြခဲ့ပြီး ၂၈ ဖွဲ့အောင်မြင်ခဲ့သည်။ ယင်း ၂၈ ဖွဲ့အနက် ကုမ္ပဏီ အဖွဲ့အစည်း ၉ ဖွဲ့မှ တင်ဒါ အဆိုပြုလွှာ ပုံစံများ ဝယ်ယူခဲ့ပြီး တင်ဒါပိတ်သည့် ဇန်နဝါရီလ ၆ ရက်တွင် ကုမ္ပဏီ အဖွဲ့အစည်း ၃ ဖွဲ့က တင်ဒါ အဆိုပြုလွှာများ တင်ပြခဲ့ကြောင်း သိရသည်။

ထိုအဆိုပြုလွှာများကို စိစစ်ခဲ့ရာ တင်ဒါ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု မရှိသည့်အတွက် ရန်ကုန် ဘူတာကြီး ဧရိယာ နယ်မြေ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ရန် သင့်တော်သည့် ကုမ္ပဏီ မရှိသဖြင့် တင်ဒါ အောင်မြင်သူ မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.