Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းတွင် အရည်အသွေးအကဲဖြတ်မှုဖြင့် လက်ဖက်ခြောက် အရောင်းသွက်စေ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်းခရိုင် လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာမှ ပညာရှင်များက လက်ဖက်ခြောက်အား စစ်ဆေးအကဲဖြတ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စွမ်းကျန်း (ယူနန်)၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

လက်ရှိသည် တရုတ်နိုင်ငံ ဒေသအသီးသီးမှ လက်ဖက်စိုက်တောင်သူများ လက်ဖက်ခူးဆွတ်၍ လက်ဖက်ခြောက်ပြုလုပ်သည့် ရာသီချိန်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်း လားဟူလူမျိုး၊ ဝလူမျိုး၊ ပုလောင်လူမျိုး၊ တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ဖွဲ့စည်းထားသည့် လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာမှ ပညာရှင်များသည်လည်း တစ်နှစ်တာကာလအတွင်း အလုပ်အများဆုံးကာလသို့ ရောက်ရှိလာသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်းခရိုင်တွင် လက်ဖက်ဥယျာဉ် တရုတ်မူ (Mu) ၃၄၀,၀၀၀ ကျော်ပိုင်ဆိုင်ထားရာ “ပင်းသောင်လောင်ကျိုက်လက်ဖက် (ပင်းသောင်ကျိန့်ဆန်းလက်ဖက်)” စသည့် နိုင်ငံ၏ ဒေသဆိုင်ရာ ပြယုဂ်ဖြစ်သော ကာကွယ်ထိန်းသိမ်းထားသည့်ထုတ်ကုန်များရှိသလို လက်ဖက်အရင်းအမြစ် ပြည့်ဝပြီး အရည်အသွေးလည်း ကောင်းမွန်လှပေသည်။

၂၀၂၅ ခုနှစ် မတ်လတွင် ဒေသတွင်း၌ လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာ ဖွဲ့စည်းထူထောင်ခဲ့ပြီး တင်းကျပ်သော အရည်အသွေးအကဲဖြတ်မှုနှင့် ဇာစ်မြစ်စစ်ဆေးမှုစနစ် တည်ထောင်၍ လက်ဖက်ထုတ်ကုန်များအတွက် ယုံကြည်ထိုက်သော အသိအမှတ်ပြုမှုများ ပံ့ပိုးခဲ့ရာ ထုတ်လုပ်မှုနှင့် ရောင်းချမှု “ယုံကြည်မှုကွင်းဆက်” တည်ဆောက်ပေးလိုက်သလို လက်ဖက်ခြောက်လည်း အရောင်းသွက်စေခဲ့သည်။
၂၀၂၅ ခုနှစ်တွင် စွမ်းကျန်းလက်ဖက်ခြောက် e-commerce အရောင်းပမာဏမှာ ယွမ် ၁.၄ ဘီလီယံကျော်ရှိကာ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု ၆ ခု သည် e-commerce ပလက်ဖောင်းတစ်ခု၏ လက်ဖက်ခြောက်ရောင်းချမှု ထိပ်တန်း ၁၀ ခု စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်းအနက် ကုမ္ပဏီ ၃ ခု၏ တစ်နှစ်တာအရောင်းပမာဏအနေဖြင့် ယွမ်သန်းတစ်ရာကျော်ခဲ့ကြောင်း သိရသည်။

လက်ရှိအထိ အဆိုပါစင်တာတွင် စုစုပေါင်း လက်ဖက်ခြောက်နမူနာ ၂၆,၀၀၀ ကျော် လက်ခံထားပြီးဖြစ်ရာ ထုတ်လုပ်သည့်ဒေသများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကွမ်ရှီးဒေသ၊ ဖူကျန့်ပြည်နယ် စသည့် လက်ဖက်ခြောက်အဓိကထုတ်လုပ်သည့်ဒေသများ ပါဝင်သည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်းခရိုင် လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာမှ ပညာရှင်များက လက်ဖက်ခြောက်အား စစ်ဆေးအကဲဖြတ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်းခရိုင် လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာမှ ပညာရှင်များက လက်ဖက်ခြောက်အား စစ်ဆေးအကဲဖြတ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်းခရိုင် လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာမှ ပညာရှင်များက လက်ဖက်ခြောက်အား စစ်ဆေးအကဲဖြတ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်းခရိုင်မှ တိုက်ရိုက်ထုတ်လွှင့်ရောင်းချသူက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လက်ဖက်ခြောက်အရည်အသွေး အကဲဖြတ်မှု အစီရင်ခံစာအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
云南临沧:品荐溯源助力茶叶畅销
新华社照片,双江(云南),2026年4月23日
眼下正值各地茶农采茶制茶的季节,云南省临沧市双江拉祜族佤族布朗族傣族自治县组建的茶叶检测品荐溯源中心专家们也迎来一年中最繁忙的时期。
云南省临沧市双江县拥有34万余亩茶园,有“冰岛老寨茶(冰岛正山茶)”等国家地理标志保护产品,茶叶资源丰富、品质优良。2025年3月,当地成立茶叶检测品荐溯源中心,建立严格的品质评审与追溯体系,为茶叶产品提供权威认证,打通产销“信任链”,畅通茶叶销路。
2025年,双江茶叶电商销售额超14亿元,6个直播间跻身某电商平台茶榜前十,其中3家企业年销售额突破亿元。 截至目前,该中心已累计受理茶样超2.6万个,产地覆盖云南、广西、福建等茶叶主产区。
图说1-4:4月22日,云南省临沧市双江县茶叶检测品荐溯源中心的专家在评审茶叶。 新华社记者 江文耀 摄
图说5:4月22日,云南省临沧市双江县主播在直播间展示品荐溯源报告。新华社记者 江文耀 摄