Connect with us

Agriculture

အမျိုးသား ဥယျာဉ်အား မြစ်ကမ်းနဖူးတွင် တည်ဆောက်ရန် တရုတ်စီစဉ်

တရုတ်နိုင်ငံယန်စီမြစ် မြစ်ဖျားဒေသရှုခင်း (ဆင်ဟွာ)

တရုတ်နိုင်ငံယန်စီမြစ် မြစ်ဖျားဒေသရှုခင်း (ဆင်ဟွာ)

ရှီးနီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြစ်ဝါမြစ်၏ အနောက်မြောက်ဘက် တရုတ်၏ ချင်းဟိုင်း စီရင်စုနယ်(Qinghai) စန်းကျန်းယွမ် (Sanjiangyuan) ဒေသတွင် အမျိုးသား ဥယျာဉ် ပန်းခြံ တည်ဆောက်ရန် စီစဉ်ထားကြောင်းသိရသည်။

ဥယျာဉ် ဒီဇိုင်း ညွှန်ကြားချက်များအား ပြည်နယ် သစ်တော ဦးစီးမှ ကြီးကြပ် ဆောင်ရွက်နေသည် ဟု ချင်းဟိုင်း သစ်တောဌာနမှ အကြီးတန်းအရာရှိ Wang Enguang ကဆင်ဟွာ သို့ ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောကြားသည်။

၎င်းဥယျာဉ်သည် ၃၀,၀၀၀ စတုရန်း ကီလိုမီတာ ကျော်ရှိသည်။ ဥယျာဉ် တည်ဆောက်ရန် ခွင့်ပြုလျှင် ဆောက်လုပ်မှုများအား ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင် မည်ဖြစ်သည်။

အမျိုးသား ဥယျာဉ် တည်ဆောက်မည့်နေရာသည် ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့် ပေါ်တွင်ရှိပြီး ပင်လယ် ရေမျက်နှာပြင် အမြင့်ပေ ၄,၀၀၀ မီတာမြင့်သည်။

တိဘက် တောဆိတ်ကဲ့သို့ စန်းကျန်းယွမ် ဒေသတွင်ရှိသည့် တောတွင်း မျိုးစိတ်များ လည်းရှိသည်။

“ဒီဒေသအတွက် ဂုဏ်ယူပါတယ်။ ဒီနေရာက ကုန်းမြင့်ဒေသ ဖြစ်ပြီးတော့ စိမ့်မြေဖြစ်တယ်။ မြက်ခင်းပြင်တွေ ၊ ရေခဲမြစ် တွေလဲရှိပါတယ်။ ဒီစီမံကိန်းကြောင့် စီးပွားရေးစနစ်လဲ ကောင်းမွန်လာမှာ ဖြစ်တယ်။ ဒါကအရမ်းကို အဖိုးတန်ပါတယ်” ဟု Wang ကပြောကြားခဲ့သည်။

ထိုစီမံကိန်း တည်ရှိရာ ပြည်နယ်တွင် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၇၀ ကျော်အား အကာအကွယ် ပေးထားသည်။ ရာစုနှစ် များစွာကတည်းက သဘာဝ ပတ်ဝန်းကျင် ပျက်စီးကာ ကမ္ဘာကြီးပူးနွေးလာမှု ဆိုးရွားလာခဲ့သည်။ စိမ့်မြေများ ကျုံ့လာပြီး ကန်များတွင်လည်း ရေများ လျော့ပါးလာခဲ့သည်။

စီမံကိန်းကြောင့် ပျက်စီး ပျောက်ကွယ်နေသော အပင်နှင့် သတ္တဝါများအား ပြန်လည် ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်းပြောသည်။ တရုတ်နိုင်ငံသည် စန်းကျန်းယွမ်ဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ ၂၀၀၀ ခုနှစ်က စတင်လုပ်ဆောင်ခဲ့သည်။ ၅ နှစ်အကြာတွင် ထိုဒေသ၌ ၇ ဒဿမ ၅ ဘီလီယံ ယွမ် ကုန်ကျမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းအား စတင်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဒုတိယအဆင့်အနေဖြင့် ၁၆ ဘီလီယံ ယွမ် ရင်းနှီးမြှုပ်နှံခဲ့သည်။

ထိုသို့အကုန်ကျခံ ထိန်းသိမ်းမှုများကြောင့် စန်းကျန်းယွမ်ဒေသတွင် သစ်တောဖုံးလွှမ်းမှု ၃ ဒဿမ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။၂၀၀၄ ခုနှစ်မှ၂၀၁၂ ခုနှစ်အတွင်း ၄ ဒဿမ ၈ ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၀ ခုနှစ်တွင် ၅ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်လာမည် ဟု မျှော်လင့် ထားကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.