Connect with us

Agriculture

တရုတ်တွင် ဆန်တင်သွင်းမှုမြင့်တက်လာ

စပါးခင်းတွင် တွေ့ရသောကောက်စိုက်သမများကောစိုက်နေစဉ် (ဆင်ဟွာ)

စပါးခင်းတွင် တွေ့ရသောကောက်စိုက်သမများကောစိုက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဆန်ဈေး ကျဆင်းချိန်တွင် တရုတ်နိုင်ငံ၌ ဆန်တင်သွင်းမှု မြင့်တက်နေကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၉ ရက်နေ့က ပြောကြားသည်။

ဆန်တင်သွင်းရမှု သည် ပြည်တွင်း ဆန်ထွက်ရှိမှုနှင့် နှိုင်းယှဉ်ပါက ပမာဏ အနည်းငယ်သာ ဖြစ်သည်။ ယခင်နှစ်တွင် စားသုံးသူ လိုအပ်ချက်အရ တရုတ်၏ ဆန်တင်သွင်းမှုသည် တလိပ်လိပ်နှင့် မြင့်တက်ခဲ့သည် ဟု ဆိုသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်၏ ဆန်တင်သွင်းမှုမှာ ၂ ဒဿမ ၅၈ မီလီယံ ရှိပြီး ယခင်နှစ်ထက် ၁၃ ဒဿမ ၆ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ထိုမြင့်တက်သည့် ရာခိုင်နှုန်းသည် တရုတ်ပြည်တွင်း ဆန်ထုတ်လုပ်မှု ၏ ၁ ဒဿမ ၃ ရာခိုင်နှုန်း ရှိသည်။

“ တရုတ်မှာ ဝင်ငွေကောင်းတဲ့ မိသားစုနဲ့ နာမည်ကြီးတဲ့ စားသောက်ဆိုင် တွေက ထိုင်းနိုင်ငံရဲ့ ဆန်အကောင်းစားနဲ့ ဂျပန်ဆန်တွေ မှာယူကြတယ်။ ဆန်တင်သွင်းမှု များတာကတော့ ဈေးကွက်ရဲ့မျိုးစုံတဲ့ အကြောင်းပြချက် တွေကြောင့်ပါပဲ” ဟု Shen ကပြောကြားသည်။

တရုတ်၏ လယ်ယာထွက်ကုန်များ၏ ၉၆ ရာခိုင်နှုန်းကျော်သည် ၂၀၁၄ ခုနှစ်တွင် စမ်းသပ်မှု အရည်အသွေးပြည့်မီသည်ဟု လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.