Connect with us

Culture & Entertainment

ခေတ်သစ် ပိုးလမ်းမကြီး ဂီတပွဲတော် တရုတ်တွင် ကျင်းပမည်

ခေတ်သစ် ပိုးလမ်းမကြီး ဂီတပွဲတော်တွင် ဖျော်ဖြေနေသည့် တီးဝိုင်း တစ်ဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှန်းကျန့်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ရက်သတ္တပတ် သုံးပတ်ကြာ ပြုလုပ်မည့် နိုင်ငံတကာ ဂီတ ပွဲတော် တစ်ခုအား တရုတ်နိုင်ငံ ရှန်းကျန့်မြို့တွင် မတ်လ ၂၅ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ပထမဆုံးအကြိမ်ပြုလုပ်မည့် ရှန်းကျန့် ခေတ်သစ် ပိုးလမ်းမကြီး နိုင်ငံတကာ ဂီတ ဖျော်ဖြေပွဲသို့ နိုင်ငံနှင့် ဒေသပေါင်း ၃၀ နီးပါးမှ ဂီတပညာရှင်ပေါင်း ၇၀၀ ကျော်က ဖျော်ဖြေပွဲပေါင်း ၁၆ ပွဲဖြင့် တင်ဆက်မည် ဖြစ်ကြောင်း၊ ဧပြီလ ၁၆ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အဆိုပါ ဂီတ ဖျော်ဖြေပွဲကို ရှန်းကျန့် အစိုးရနှင့် တရုတ် ဂီတပညာရှင်များအသင်းတို့က ပူးတွဲ ကျင်းပခြင်း ဖြစ်ပြီး ခေတ်သစ် ပိုးလမ်းမကြီးတလျှောက်ရှိ နိုင်ငံများ၏ ဂီတများအား ပြသလိုခြင်း ဖြစ်သလို သက်ဆိုင်ရာ ပြည်သူများ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ခိုင်မာစေရန် ရည်ရွယ်ကာ ကျင်းပရခြင်း ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ လူဦးရေ ၁,၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ယင်း ဂီတ ပွဲတော်သို့ လူအများ တက်ရောက်နိုင်ရန် လက်မှတ်ဈေးနှုန်းများကို အစိုးရက အသက်သာဆုံး နှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ဈေးအသက်သာဆုံး လက်မှတ်ဈေးနှုန်းများမှာ ယွမ် ၅၀ မှ ၈၀ ကြား (အမေရိကန်ဒေါ်လာ ၇.၂ မှ ၁၁.၆)၊ အမြင့်ဆုံး ဈေးနှုန်းမှာ ယွမ် ၁,၀၀၀ အောက် ရောင်းချကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.