Connect with us

Culture & Entertainment

တရုတ်နိုင်ငံအနောက်တောင်ပိုင်းဖမ်းထားသောပန်ဒါအရိုင်းမိဘမှ ပန်ဒါအမွှာလေးအားမွေးဖွား

၂၀၁၀ခုနှစ်တွင် ပန်ဒါ Cao Cao နှင့် ၃လသားအရွယ် ၎င်း ၏ ကလေး Taotao အားတွေ့ရစဉ် (ဆင်ဟွာ)

ချိန်ထူး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် စီချွမ်ပြည်နယ် တွင် ဖမ်းထားသော ပန်ဒါအရိုင်းမိဘ မှ ပန်ဒါအထီးအမွှာလေး နှစ်ကောင်ကို သြဂုတ် ၂၀ ရက်တွင် မွေးဖွားခဲ့ကြောင်း ပန်ဒါအကြီးများထိန်းသိမ်းရေး နှင့် သုတေသနစင်တာ မှ သိရသည်။

Wolong အခြေစိုက် Hetaoping ပန်ဒါထိန်းသိမ်းရေးစခန်း တွင် အသက်၁၇ နှစ် ပန်ဒါ Cao Cao က ကိုယ်အလေးအချိန် ၁၆၆ ဂရမ် နှင့် ၈၄.၁ ဂရမ် အသီးသီးရှိသည့် ပန်ဒါအမွှာလေးနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။

၂၀၀၂ ခုနှစ် တွင် ပန်ဒါအရိုင်းကို ကယ်ဆယ်ခဲ့ပြီး Cao Cao က လှောင်အိမ်ထဲတွင် အရွယ်ရောက်လာခဲ့သည်။ မျိုးရိုးဗီဇဆိုင်ရာ မျိုးကွဲမှုတိုးတက်လာစေရန် အတွက် သိပ္ပံပညာရှင်များက ကြိုးစား၍ မျိုးစပ်ခိုင်းရန် အတွက် Cao Cao ကို မတ်လ တွင် လွှတ်ခဲ့ပြီး ဧပြီလတွင် ပန်ဒါအရိုင်းတစ်ကောင် နှင့် မိတ်လိုက်ခဲ့ကြောင်း ပန်ဒါထိန်းသိမ်းရေး နှင့်သုတေသနစင်တာမှ သိရသည်။

ပန်ဒါ Cao Cao သည် ပန်ဒါအမွှာ ၃စုံအပါအဝင် ပန်ဒါအကောင်ပေါက် ၉ ကောင်မွေးဖွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.