Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ပထမနှစ်ဝက်အတွင်း ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်း ၃၂,ဝဝဝ ဖန်တီးပေးနိုင်ခဲ့


ဝူရုမုချိ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ၂ဝ၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒေသခံများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အထောက်အကူပြုတွန်းအားပေးနေသည့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင်အသစ်ပေါင်း ၃၂,ဝဝဝ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

လယ်သမားများ နှင့် မွေးမြူရေးသမားများပါ ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရင်း ၎င်းတို့အတွက် ဝင်ငွေတိုးအောင်ဆောင်ရွက်ခဲ့ကြရာ ရှင်းကျန်းဒေသ၏ ခရီးသွားလုပ်ငန်းသည် “ ရွှေခေတ်တစ်ခုထဲသို့ထိုးဖောက်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း’’ ယင်းဒေသ လူ့စွမ်းအားအရင်းအမြစ် နှင့် လူမှုဖူလုံရေးဌာနက ဆိုသည်။

ဌာနအနေဖြင့် အစုအဖွဲ့လုပ်ငန်း နှင့် တည်းခိုနေထိုင်ရေးလုပ်ငန်း ၊ ခရီးသွားအမှတ်တရပစ္စည်းထုတ်လုပ်ရောင်းချခြင်း နှင့် ခရီးစဉ်လှည့်လည်ခြင်း ကဲ့သို့သော လုပ်ငန်းမျိုးတွင် အလုပ်အကိုင်သစ်များကို ဖန်တီးပေးခဲ့ရာ ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းတွင် အလုပ်အကိုင်ပေါင်း ၄ဝ,ဝဝဝ ကျော်ဖန်တီးပေးခဲ့ကြောင်း နှင့် ယင်းတို့တွင် ၈ဝ ရာခိုင်နှုန်းမှာ ပြီးပြည့်စုံမှုအဆင့်သို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ခရီးသွားလုပ်ငန်းမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ခရီးသွားလုပ်ငန်းမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ခရီးသွားလုပ်ငန်းမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ခရီးသွားလုပ်ငန်းမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ်တွင် ရှင်းကျန်း၌ ခရီးသွားလုပ်ငန်းဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေး ၃ နှစ် စီမံကိန်းကို ချမှတ်ခဲ့သည်။ ဒေသဆိုင်ရာအစိုးရအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင်ပေါင်း ၁ဝ,ဝဝဝ ၊ ၂ဝ၁၉ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း ၄ဝ,ဝဝဝ နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အလုပ်အကိုင်ပေါင်း ၅ဝ,ဝဝဝ ရရှိရန် အစီအစဉ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ ရှင်းကျန်းဒေသသို့ခရီးသည်ပေါင်း ၇၆ သန်းဝင်ရောက်ခဲ့ရာ ယခင်နှစ်ကထက် ၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။(Xinhua)