Connect with us

Culture & Entertainment

တရုတ်နိုင်ငံ အလယ်ပိုင်း၌ နှစ်ပေါင်း၂၆၀၀သက်တမ်းရှိ သချုႋင်းဂူများ တူးဖော်တွေ့ရှိ

ယီချွမ် စီရင်စု၊ လျိုရန် မြို့၌ တူးဖော်တွေ့ရှိရသော သင်္ချိုင်းဂူများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကျန့်ကျိုး၊ ဒီဇင်ဘာလ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ၌ နွေဦး နှင့် ဆောင်းဦး ကာလ များဖြစ်သည့် (၇၇၁-၄၇၆ဘီစီ) မှ သချုႋင်းဂူ များအား အုပ်စုလိုက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ဒီဇင်ဘာလ ၆ရက်နေ့ကပြောကြားခဲ့သည်။

အဆိုပါ သချုႋင်းဂူများသည် ယီချွမ် စီရင်စု၊ လျိုရန် မြို့ တွင်တည်ရှိပြီး သချုႋင်းဂူပေါင်း ၂၀၀ကျော်၊ မြင်း နှင့် စစ်ရထား ထားရာမြေတွင်း ၈ တွင်း၊ ပြာတွင်း ၃၀ကျော် နှင့် မီးဖိုပေါင်း ၁၀ ကျော်တို့ပါဝင်ကြောင်း သိရသည်။ ၎င်းတို့၏ အကျယ် အဝန်းသည် ၂၀၀,၀၀၀ စတုရန်းမီတာ ရှိကြောင်းသိရသည်။

ယင်း သချုႋင်းဂူများ နှင့်တွဲလျက် ဟန်မင်းဆက် (၂၀၂-၂၂၀ဘီစီ) ခေတ် မှ ရှေးဟောင်းမြို့တော် တစ်ခုကိုလည်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ပညာရှင်များ က အဆိုပါ ဧရိယာ သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ ကျော် က လူမျိုးစု တစ်စု နေထိုင်ခဲ့ရာ နေရာဟု ယုံကြည် ကြပြီး ယင်းလူမျုးိစုသည် ဒေသတွင်းရွှေ့ပြောင်းသွားလာမှု နှင့် ကွယ်ပျောက်သွားသည့် အချိန်ကို မှတ်တမ်း တင်ထားသည့် လူမျိုးစု အနည်းငယ် ထဲမှ တစ်စု ဖြစ်ကြောင်းသိရသည်။

ကျွမ်းကျင်သူများသည် တရုတ်နိုင်ငံ အလယ်ပိုင်းဒေသ ရှိ ရွှေ့ပြောင်း သွားလာနေထိုင်တတ်ကြသည့် လူနည်းစုများ၏ သမိုင်းကို သိရှိရန် အတွက် ယခုရှာဖွေတွေ့ရှိခဲ့သည် လူမျိုးစု အကြောင်းကိုလေ့လာသွား မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.