Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ၌ ဟာပင် ရေခဲနှင့် နှင်းဥယျာဉ် ပွဲတော် စတင်

တရုတ်နိုင်ငံ ဟာပင် ရေခဲနှင့် နှင်းဥယျာဉ် ပွဲတော်ရှိ ရေခဲ အဆောက်အအုံများ အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာပင်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း (Heilongjiang) ပြည်နယ် ၏ မြို့တော် ဟာပင် (Harbin) ၌ ရေခဲနှင့် နှင်းဥယျာဉ် ပွဲတော် အား ဇန်နဝါရီလ ၅ ရက်နေ့က စတင် ကျင်းပခဲ့ပြီး ပွဲတော်တွင် ရေကူးခြင်းများ၊ အကအခုန် များ၊ ရေခဲဖြင့် ပုံဖော် ထုဆစ် ထားသော ခမ်းနား ထည်ဝါသည့် ရဲတိုက်များ နှင့် နန်းတော်များ ပါဝင် ပြသထားမည် ဖြစ်ကာ လာရောက် ကြည့်ရှုသူ တစ်သန်းကျော် ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

နေ့လည်ခင်း ၌ပင် အပူချိန်အား အနှုတ် 14°C အထိ တည်ငြိမ်အောင် ထိန်းသိမ်းထားကာ ပွဲတော်သို့ လာရောက် ကြည့်ရှုသူများ အနေဖြင့် ရေခဲပြင် ရေကူးခြင်း တို့အပါအဝင် ရေခဲနေသည့် ကန်အတွင်းသို့ ဒိုင်ဗင်ထိုးခြင်း အစရှိသော ပြိုင်ပွဲများတွင် ပါဝင် ဆင်နွှဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၌ ရေခဲဖြင့် ထုဆစ်ထားသည့် တရုတ်နိုင်ငံ၏ နန်းတော်များ၊ ရုရှားနိုင်ငံ၏ ခရစ်ယာန် ဘုရားကျောင်းများ နှင့် ဥရောပ အဆောက်အအုံများကို ပြသထားကြောင်း သိရသည်။

ယခုနှစ် တွင် ကျင်းပသည့် ရေခဲ ပွဲတော်သည် နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် ပွဲတော် သမိုင်း တစ်လျှောက်တွင် အကြီးကျယ်ဆုံး ဖြစ်ပြီး ဘောလုံးကွင်း ၁၀၀ ကျော် ဧရိယာနှင့် ညီမျှသည့် ဥယျာဉ် တစ်ခု အပါအဝင် စံချိန်တင် ရေခဲများနှင့် နှင်းများကို အသုံးပြု၍ အလှဆင်ထားကြောင်း သိရသည်။

ဟာပင် ရေခဲနှင့် နှင်းဥယျာဉ် ပွဲတော် သည် ဖေဖော်ဝါရီလ ၅ ရက်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.