Connect with us

Culture & Entertainment

တရုတ်နှစ်သစ်ကူးအတွက် ရှန်ဟိုင်းဒစ္စနေ က ထူးခြားသည့် အစီအစဉ်များတင်ဆက်မည်

တရုတ်နိုင်ငံရှိ ရှန်ဟိုင်းဒစ္စနေလန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နှစ်သစ်ကူးအခါသမယ နီးကပ်လာပြီဖြစ်၍ ရှန်ဟိုင်းဒစ္စနေ က ၎င်း၏ ပထမဆုံး တရုတ်နှစ်သစ်ကူးအား ကြီးကျယ်ခမ်းနားသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် လာရောက်လည်ပတ်သူများအား ဖျော်ဖြေတင်ဆက်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်ရိုးရာ ကြက်နှစ်၏ အားလပ်ရက်များအတွက် အပန်းဖြေစခန်းက ကြီးကျယ်ခမ်းနားသည့် ဖျော်ဖြေရေးအစီအစဉ်များ၊ ရာသီပေါ်အစားအစာများ၊ အဖျော်ယမကာများ၊ ကံစမ်းမဲအိတ်များ၊ အားလပ်ရက်နှင့်သက်ဆိုင်သည့် ဈေးဝယ်ထွက်ခြင်း အတွေ့အကြုံများရရှိစေရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူးရက်မြတ် (သို့) နွေဦးရာသီပွဲတော် သည် ဇန်နဝါရီ ၂၈ရက်တွင်ကျရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံသားများအနေဖြင့် အရေးကြီးသော နွေဦးရာသီပွဲတော် အတွက် ခွင့်ရက်ရှည်များရရှိမည်ဖြစ်ကြောင်း သိရသည်။

နွေဦးရာသီပွဲတော်ရာသီတစ်လျှောက်လုံးတွင် ရှန်ဟိုင်းဒစ္စနေလန်း က လာရောက်လည်ပတ်သူများ၏ နှစ်သစ်ဆုတောင်းအထူးအစီအစဉ်တစ်ခု အပြင် “Ignite the Dream: A Nighttime Spectacular of Magic and Light” အမည်ရှိသည့် စိတ်ဝင်စားဖွယ်ရာ ညပိုင်းအစီအစဉ်တစ်ခုကိုလည်း စီစဉ်ပေးသွားမည်ဖြစ်သည်။

ရှန်ဟိုင်းဒစ္စနေလန်းအား ၂၀၁၆ခုနှစ် ဇွန်လလယ်မှစတင်၍ဖွင့်လှစ်ခဲ့ရာ ပထမလေးလအတွင်း လာရောက်လည်ပတ်သူ ၄သန်းရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.