Connect with us

Culture & Entertainment

ဆင်ဟွာသတင်းဌာန Xinhuanet ၏ မြောက်အမေရိက အစီအစဉ်ကို စတင်ထုတ်လွှင့်

ဆင်ဟွာမြောက်အမေရိက အစီအစဉ် အွန်လိုင်းစာမျက်နှာကို တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၃ဝရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းအေဂျင်စီ၏ အွန်လိုင်းစာမျက်နှာဖြစ်သော Xinhuanet ပေါ်တွင် မြောက်အမေရိကတိုက် အစီအစဉ်ပိုင်းကို ယနေ့နိုဝင်ဘာလ ၃ဝ ရက်တွင် စတင်ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြောက်အမေရိကတိုက် အစီအစဉ်တွင် အင်္ဂလိပ်ဘာသာ၊စပိန်ဘာသာ နှင့် ပြင်သစ်ဘာသာ တို့ဖြင့် ထုတ်လွှင့်ထားကြောင်း ၎င်းသည် အာရှ-ပစိဖိတ် ၊ ဥရောပ နှင့် အာဖရိက တို့တွင် ထုတ်လွှင့်နေသော အစီအစဉ်များနောက် ဆင်ဟွာနက်၏ လေးခုမြောက် နိုင်ငံရပ်ခြား အွန်လိုင်းစာမျက်နှာဖြစ်လာသည်။
Xinhuanet ၏ မြောက်အမေရိက အစီအစဉ်သည် တရုတ် နိုင်ငံ နှင့် မြောက်အမေရိကနိုင်ငံများအကြား ပေါင်းကူးတံတားအဖြစ် သတင်းအချက်အလက်များကို ထုတ်လွှင့်သွားပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါ အစီအစဉ်သည် “ တရုတ်နိုင်ငံ၏ ရေးသားချက်နှင့် ကမ္ဘာ့သတင်းဖော်ပြမှု” ဟူသော အယူအဆဖြင့် တရုတ်နိုင်ငံ၏ အတွေးအမြင်များကို ကမ္ဘာသို့သတင်းအချက်အလက်များပေးပို့ရန် ရည်ရွယ်ထားသည်။သတင်းအချက်အလက်သည် လက်ရှိနိုင်ငံရေးရာများ ၊ ဖက်ပေါင်းစုံ ဆက်ဆံရေးများ ၊ ထုတ်လွှင့်အစီရင်ခံချက်များ ၊ စီးပွားရေး နှင့် ကုန်သွယ်ရေး ၊ လူမှုအသိုင်းအဝိုင်း နှင့် ယဉ်ကျေးမှု ဆိုင်ရာများကို သတင်းဌာနဖော်ပြချက်များမှတဆင့် ရှာဖွေ ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာနက်(Xinhuanet) အွန်လိုင်းစာမျက်နှာသည် နိုင်ငံခြားဘာသာစကားများဖြစ်သသော အင်္ဂလိပ် ၊ စပိန် ၊ ပြင်သစ် ၊ ရုရှား ၊အာရေဗျ ၊ ပေါ်တူဂီ ၊ ဂျပန် ၊ ကိုးရီးယား နှင့် ဂျာမနီ တို့အဖြစ် နိုင်ငံရပ်ခြား အစီအစဉ်လေးခုကို ထုတ်လွှင့်ပေးလျက် ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.