Connect with us

Economy

ဆင်းရဲမွဲတေမှု လျော့ပါးရေးအတွက် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း တရုတ် စိတ်ဝင်စား

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ဖူယန်ခရိုင် ဟုန်ကျိကျေးရွာတွင် စပါး စိုက်ခင်းအား ကာတွန်းရုပ်ပုံသဏ္ဍာန်ဖော်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ကြွယ်ဝချမ်းသာသော ခေတ်မီ လူမှုအဖွဲ့အစည်း တစ်ရပ် တည်ဆောက်ရာတွင် အရေးပါသော လုပ်ငန်း တစ်ခုမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးဖြစ်ကြောင်း အစိုးရက အသိအမှတ်ပြုခဲ့ပြီး ပြည်သူများအား ဆင်းရဲတွင်းထဲမှ ဆွဲတင်နိုင်ရန် အကူအညီဖြစ်စေမည့် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ပြည်သူ ၁၂ သန်းအား ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ရန် တရုတ်နိုင်ငံက ရည်မှန်းထားကြောင်း တရုတ် အမျိုးသား ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု (CNTA) ထံမှ သိရသည်။တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ခရီးသွားဧည့်သည် ဆွဲဆောင်ရာ အရင်းအမြစ်နေရာ ထောင်ဂဏန်း ဖော်ထုတ်ထားပြီး ခရီးသွားဧည့်သည် နယ်မြေ တည်ထောင်ကာ ဆင်းရဲသည့် နယ်မြေ ၁၄ ခုအား ထောက်ပံ့ပေးခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။

အဆိုပါ စီမံကိန်းကြောင့် ရွာသား ၇,၀၀၀ ဦးခန့်သည် ဝင်ငွေများ မြင့်တက်လာကာ ဒေသဆိုင်ရာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်း အထက်သို့ ရောက်ရှိလာခဲ့ကြောင်း CNTA အရ သိရသည်။တရုတ်နိုင်ငံအတွင်း ဒေသဆိုင်ရာ အစိုးရများသည် ကျေးလက်ဒေသများ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံ အဆောက်အအုံနှင့် ဝန်ဆောင်မှုများ မြင့်တက်စေရန် ရန်ပုံငွေ ဖြည့်တင်းခြင်းနှင့် ကြိုးပမ်းအားထုတ်မှုများ စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ကြွယ်ဝချမ်းသာသော ခေတ်မီ လူမှုအဖွဲ့အစည်း တစ်ရပ် အပြည့်အဝ တည်ဆောက်ရေး ရည်မှန်းထားကြောင်း၊ ယင်းအတွက် ဆင်းရဲမွဲတေမှု လျော့ကျရန် လိုအပ်ကြောင်း သိရသည်။၂၀၁၆ ခုနှစ်အကုန်တွင် တရုတ်နိုင်ငံသား ၄၃.၃၅ သန်းသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်း အထက်သို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117