Connect with us

Economy

တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်လိမ့်မည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား

Fortune Global Forum သရုပ်ဖော်လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များ ပိုမို ဖန်တီးပေးပြီး ကြီးမားသော ကူညီထောက်ပံ့မှု လုပ်ဆောင်ပေးနိုင်မည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာလ ၆ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ရှီသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့တွင် ဒီဇင်ဘာလ ၆ ရက်က ပြုလုပ်သော ၂၀၁၇ ခုနှစ် Fortune Global Forum သို့ ဂုဏ်ပြုသဝဏ်လွှာ၌ အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ ရှီ၏ သဝဏ်လွှာ၌ တရုတ်နိုင်ငံသည် တံခါးဖွင့် စီးပွားရေးအား အဆင့်မြှင့်တင်ရေး၊ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု မြှင့်တင်ရေးနှင့် အားလုံးပါဝင်သည့် ပွင့်လင်းသော ပုံစံသစ်အတွက် တွန်းအားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတွင် တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းသိမ်းရန် အခြေခံ အုတ်မြစ်၊ အခြေအနေနှင့် တွန်းအား၊ ခိုင်မာတောင့်တင်းသော အရှိန်အဟုန်ရှိကြောင်း သမ္မတ ရှီက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်တောက်တော့မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပို၍ ပွင့်လင်းမြင်သာမှုရှိပြီး စည်းစနစ်ကျသော စီးပွားရေးလုပ်ငန်းဝန်းကျင်နှင့်အတူ ယခုထက်ပိုမို ပွင့်လင်းစွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း ရှီက ထပ်လောင်း ပြောကြားခဲ့သည်။

အလားတူ နိုင်ငံတကာ စီးပွားရေးများအား တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကာ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမှ ရရှိသော အခွင့်အလမ်းများအား မျှဝေ ဆောင်ကြဉ်းရန် ရှီက ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117